မတ်လအထိ ကျောင်းဖွင့်မည်ကို ဘုတ်ပြင်းမှ ဆရာအချို့ ဆန္ဒပြရန် စီစဉ်

0
434

မတ်လအထိ အခြေခံပညာကျောင်း များ ဖွင့်လှစ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ပြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရှိ ဆရာ၊ ဆရာမအချို့က ဆန္ဒထုတ် ဖော်ရန် စီစဉ်နေကြောင်း ဦးဆောင်နေသူ အချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၅ ရက်တွင် ဆန္ဒပြရန် ယာယီသတ်မှတ်ထားပြီး လက်ရှိတွင် ဆန္ဒထုတ်ဖော်မည့် ဦးဆောင်ကော်မတီ ကို အဖွဲ့ဝင် လေးဦးဖြင့်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မူလတန်းပြ ဦးကိုကိုအောင်က ပြောသည်။

“တချို့က ဆရာတွေကကျတော့ စိတ်ဝင်စားတယ်။ တချို့ကျောင်းတွေ ကျတော့ လုပ်လို့မဖြစ်ဘူးထင်တယ်ဆိုတဲ့ ဆရာမတွေလဲ ရှိပါတယ်။ တချို့ကျောင်း တွေမှာဆို နှစ်ယောက်ရှိရင် တစ်ယောက် လောက်ကတော့ စိတ်ဝင်စားမှုရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဆန္ဒပြရာတွင်ပါမည့် ဆရာ၊ ဆရာများကို လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် စည်းရုံး ခြင်း၊ ဦးဆောင်ကော်မတီဝင်များက လူကိုယ်တိုင် လိုက်လံစည်းရုံးခြင်းတို့ကို လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

မတ်လအထိ ကျောင်းတက်ရမည် ဆိုသည့် ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ် သည် သုတေသနအပေါ်တွင် အခြေခံကာ လုပ်ဆောင်ခြင်းမဟုတ်သဖြင့် သဘာ၀ မကျသည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင် ကြောင်း ဘုတ်ပြင်းမြို့နယ် တောင်တဂုံ ဆီအုန်းခြံ အထက်တန်းကျောင်းမှ မူလ တန်းပြဆရာ ဦးဇေယျာအောင်က ပြောသည်။

“သူတို့က စနစ်တစ်ခုကို ချမှတ် တော့မယ်ဆိုလို့ရှိရင် အခြေခံက ဆရာ၊ ဆရာမ အသံတွေကို သူတို့နားမထောင် ဘူး။ အဲဒါကြောင့် လုံး၀သဘောမကျ ဘူး။ အဲဒါကြောင့် ကန့်ကွက်ရခြင်း ဖြစ်တယ်”ဟု ဦးဇေယျာအောင်က ဆိုသည်။

အမည်မဖော်လိုသည့် ဘုတ်ပြင်း မြို့နယ်က ဆရာမတစ်ဦးကမူ အစိုးရဝန်ထမ်းဖြစ်သည့်အတွက်ကြောင့် ဝန်ကြီး ဌာနက ညွှန်ကြားသည့်အတိုင်း လုပ် ဆောင်ရမည်ဟုထင်ကြောင်း ပြောဆိုသည်။

ဘုတ်ပြင်းမြို့နယ်ရှိ အချို့နေရာ များသည် နွေရာသီတွင် ရေရှားခြင်း၊ ပူခြင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်း သဖြင့် ခက်ခက်ခဲခဲ ကျောင်းတက်နေရ သည့် ကျောင်းသားများရှိနေခြင်း စသည် တို့ကြောင့် မတ်လအထိ ကျောင်းတက်ရ မည့်ကိစ္စကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးကိုကိုအောင်က ပြောသည်။

ကျောင်းသားများ နွေရာသီ ရာသီဥတု ဒဏ်ကိုခံနိုင်သည့် ကျောင်းဆောင် အခင်းအကျင်းများကို ဆောက်လုပ်ပြီးမှ မတ်လအထိ ကျောင်းတက်ရသည့်ကိစ္စ ကို ဆောင်ရွက်မည်ဆိုက ကန့်ကွက် မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“အချို့နေရာတွေမှာဆို တစ်နာရီ၊ နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းလာတက်နေရတဲ့ ကျောင်းသားတွေ တောင်ရှိတယ်”ဟု ၎င်းက ဆိုသည်။

မတ်လကုန်အထိ ကျောင်းတက်ရ မည်ဆိုက ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေရသည့် ဆရာ၊ ဆရာမများအတွက်လည်း တစ်နှစ် တစ်ခါ မိသားစုများနှင့် တွေ့ဆုံရသည့် အချိန်များ လျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြို့ပေါ်ကျနေတဲ့သူတွေအတွက် ကတော့ မပြောပလောက်ဘူးပေါ့။ ဒါပေမယ့် ဆရာ၊ ဆရာမ အများစုက ခေါင်တဲ့ဒေသတွေမှာပဲ နေရတာလေ”ဟု ဆရာ ဦးကိုကိုအောင်က ဆိုသည်။

မတ်လကုန်အထိ ကျောင်းဖွင့်မည့် ကိစ္စကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများက ဖဲကြိုးစိမ်းလှုပ်ရှား မှုများဖြင့်ကန့်ကွက်နေပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂ ကဲ့သို့သော အဖွဲ့အစည်းများကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန် ထားကြသည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းကမူ မတ်လ အထိ ကျောင်းဖွင့်မည့်ကိစ္စကို ပြန်ပြင် ပေးရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း 7 Day သတင်းဌာနသို့ ဇန်နဝါရီလ ၁၄ ရက် ပြောဆိုထားသည်။

Dawei Watch