ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

0
584
ဓာတ်ပုံ - ဖိုးချမ်း

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘုတ်ပြင်းမဲဆန္ဒနယ်မှတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်မန်းဆွေ မြင့်၏ဆလုံစာကိစ္စနှင့်ဆရာ/ဆရာမ ခန့်ထားရေးကိစ္စ မေးမြန်းမှုကိုယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဆလုံစာပေသင်ရိုး စာအုပ်များကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရုံးသို့ တင်ပြထား ပြီးဖြစ် ကြောင်းဦးကျော်မင်းက ဖြေဆိုခဲ့သည်။

Dawei Watch