မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့် ခုတ်သတ်

0
441

ကော့သောင်းတွင် ဇန်နဝါရီလ ၂၉ ရက်ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ နယ်မြေ မီးသတ်စခန်း လူပျိုဆောင်တွင် ဂီတာ တီးနေစဉ် အသက် ၂၄နှစ် အရွယ်ရှိ မီးသတ်ဒုတပ်ကြပ်က ဓားဦးကောက်ဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

၎င်း၏ အစ်ကိုဖြစ်သူကို အနိုင် ကျင့်ခဲ့သည်ဟုဆိုကာ အခန်းအတွင်း ဂီတာတီးနေသည့် အသက် ၂၅ နှစ်အရွယ် ရှိ မီးသတ် တပ်ကြပ်ကို ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားဖြင့် ခုတ်ခံရသည့် အမျိုးသား တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သည့်အတွက် ပြည်ကြီးမဏ္ဍိုင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် ခုတ်ခဲ့သည့် မီးသတ်ဒုတပ်ကြပ်ကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch