ထိုင်းသို့ ဘတ်တစ်သောင်းဖြင့်ပို့သူ ကော့သောင်းတွင် အဖမ်းခံရ

0
353

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံအထိ ဘတ်တစ်သောင်း (ငွေကျပ် ငါးသိန်း) နှုန်းဖြင့် ပို့ဆောင်သည့် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်က ကော့သောင်းတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့ရှိ မြို့မတံတားထိပ်တွင် လူစုဆောင်းပို့ဆောင် သူတစ်ဦးနှင့် သွားရောက်မည့်သူ ၈ ဦး ရောက်ရှိနေကြောင်း သွားရောက်စစ်ဆေး ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့စစ်ဆေးရာ ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံ သို့ ပို့ဆောင်ပေးနေသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားက ရခိုင်အမျိုးသား ၈ ဦးကို ပို့ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ – ၂၆ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch