တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ အာမခံရ

0
374

တပ်မတော်က တရားစွဲထားသဖြင့် ကော့သောင်းတွင် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ အာမခံ ရသွားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက ကော့သောင်းတွင် ပြုလုပ်ခဲ့သည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ ထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကို အကြည် ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲထားသည်အမှု အာမခံ ရသွားခြင်း ဖြစ်သည်။

ရန်ကုန်တွင် ဆေးဝါးကုသခံနေရကြောင်း ဆရာဝန်ကြီးတို့၏ ဆေးလက် မှတ်၊ ကော့သောင်းရှိဆရာဝန်၏ ဆေးကုသ နေရမှု မှန်ကန်ကြောင်း တရားရုံးတွင် လာရောက်ထွက်ဆိုချက်၊ ငွေကျပ်သိန်း ငါးဆယ်တန် အာမခံ နှစ်ဦးတို့ဖြင့် အချုပ်လွတ် တရားရင်ဆိုင်ခွင့် အာမခံရ သွားကြောင်း ဦးကြီးမြင့်က ပြောသည်။

“ရန်ကုန်ဆေးရုံကြီးမှာ ကျွန်တော် တို့ ပြသနေရတယ်ပေါ့ဗျာ၊အဲဒီအကြောင်းကို ကော့သောင်းမြို့က ဆရာဝန်ကလည်း ထောက်ခံပြီး ရုံးရှေ့မှာ လာရောက်ထွက် ဆိုပေးတယ်”ဟု ဦးကြီးမြင့်က ပြောသည်။

အထက်ပါ ကော့သောင်းဟောပြော ပွဲတွင် ဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီး(ဟောင်း)နေမျိုးဇင် သုံးဦးဟော ပြောခဲ့ပြီး သုံးဦးစလုံးကို တရားစွဲခဲ့ခြင်း ဖြစ်သည်။

အမှုတွဲပါ ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တိုက်ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ်တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည်ပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံးအသီးသီးက စုစု ပေါင်း ထောင် ၄ နှစ် ချမှတ်ထားသည်။ လက်ရှိတွင် ထောင်တွင်းမှ ကော့သောင်း အမှုကို ရင်ဆိုင်နေရသည်။

Dawei Watch