ဘီယာ ပေကျံသွားသည့်ကိစ္စကြောင့် ဝိုင်းထိုး

0
661

ကော့သောင်းမြို့တွင် လမ်းမပေါ် သို့ ဘီယာပစ်ပေါက်ရာမှ ဘီယာ စင်သွားသည့် ကိစ္စဖြင့် စကားများရာမှ အမျိုးသားတစ်ဦးကို ဝိုင်းထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဏ္ဏဝါရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က အသက် ၅၅ နှစ်အရွယ် အမျိုးသားက ဘီယာ နှစ်ဘူးအား လမ်းမပေါ် ပစ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ပစ်ပေါက်ရာမှ အနီးရှိ လင်မယား နှစ်ဦးကို ဘီယာအရည်များ စင်သွားပြီး စကားများကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့စကားများပြီးနောက် အထက်ပါ လင်မယား၏ သားဖြစ်သူလည်း ရောက်ရှိလာပြီး ဘီယာဘူးပစ်ပေါက်သည့် အမျိုးသားကို ဝိုင်းထိုးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ထိုသို့ ဝိုင်းထိုးမှုကြောင့် အဆိုပါ အမျိုးသားတွင် ဒဏ်ရာများရရှိခဲ့ပြီး လာရောက်ညှိနှိုင်းခြင်းမရှိသောကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်မှ ရဲစခန်း သို့ လာရောက်တိုင်ကြားခဲ့သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းထိုး ခဲ့ကြသူများကို ကော့သောင်းမြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch