မြေတိုက်ကျောင်းဆောက်လုပ်မှု သုံးပုံတစ်ပုံပြီးစီး

မီးလောင်မှုကြောင့် ပျက်စီးသွားသော မြေတိုက်ကျောင်းဝင်းအတွင်းရှိ နှစ် ၁၅၀ သက်တမ်းရှိ သစ်သားကျောင်း ဆောင်နေရာတွင် အသစ်ပြန်လည် တည်ဆောက်နေပြီး လက်ရှိအချိန်အထိ သုံးပုံတစ်ပုံခန့် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြေတိုက်ကျောင်းဂေါပက အဖွဲ့ထံမှ သိရသည်။ ယင်းကျောင်းဝင်းအတွင်းရှိ ပင်မသစ်သားဆောင်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ...

ထားဝယ်လျှပ်စစ်တင်ဒါကိစ္စ တိုင်ကြားမှု ဝန်ထမ်းအများစုကို စစ်ဆေးပြီးဟုဆို

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဝန်ထမ်းများ မသမာမှုရှိသည်ဟုဆိုကာ စစ်ဆေးအရေးယူပေးရန် တိုင်ကြားထားမှုတွင် ဝန်ထမ်းအများစုကို စစ်ဆေး ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။ တင်ဒါကိစ္စ မသမာမှုရှိသည်ဟုဆိုကာ တင်ဒါဝင်ပြိုင်ပြီး Stellar Powerhouse Pteကုမ္ပဏီက နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့်...

ဇဟာတွင် ဘုရားဖူးကားတစ်စီးမှောက်

ရန်ကုန်မြို့မှ ဘုရားဖူးလာသည့် အန်စာတုံးကားတစ်စီးသည် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့မရောက်မီ ငါးမိုင်ခန့်အလိုတွင် တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်

ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူ

အခြေခံပညာ ဦးစီးဌာနရှိ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း တနင်္သာရီ တိုင်းပညာရေးမှူးထံမှ သိရသည်။ ယင်းကိုယ်ရေးအချက်အလက်များတွင် ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်း၊ တက်ရောက်ခဲ့ဖူးသည့်ကျောင်းများ၊ သွေးအုပ်စု၊ ဝန်ထမ်းအဖြစ် စတင်တာ ဝန်ထမ်းဆောင်သည့်နေ့၊ လက်ရှိ ရာထူး နှင့် လစာ စသည်ဖြင့် အချက်အလက်...

အဝေးသင် ဒုတိယအသုတ်စာမေးပွဲ ပထမဆုံးဖြေမည့်ဘာသာမှအပ မူလသတ်မှတ်ရက်အတိုင်း ကျင်းပမည်

အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်စာမေးပွဲကို ပထမဆုံးဖြေဆိုမည့် ရက်မှအပ မူလသတ်မှတ်ထားသည့်ရက် များအတိုင်း ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်အဝေးသင်ဌာနထံမှ သိရသည်။ ယင်းဒုတိယအသုတ်တွင်ပါဝင် သည့် သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများ ပထမဆုံးဖြေဆိုမည့် ဘာသာရပ်ကို ယခင် အောက်တိုဘာလ ၂၈ ရက်တွင် ဖြေဆိုရမည့်အစား နိုဝင်ဘာလ ၅...

တနင်္သာရီအမျိုးသမီးပြေးခုန်ပစ်အဖွဲ့ ကစားနည်းနှစ်မျိုးတွင် စံချိန်သစ်တင်

တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီအသင်းက ကစားနည်းနှစ်မျိုးတွင် စံချိန်သစ်တင် နိုင်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲနှင့် အမျိုးသမီးမီတာ ၁၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲတို့တွင် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က တင်ထားသည့် စံချိန်များ မှာ...

ထားဝယ်သပိတ်မျှောပွဲတော်တွင် ပလပ်စတစ်သပိတ် မျှောခွင့်မပြု

သီတင်းကျွတ်လပြည့်နေ့ နံနက်တွင် ကျင်းပမည့် ထားဝယ်ရိုးရာသပိတ် မျှောပွဲတော်တွင် ပလပ်စတစ်သပိတ်မျှော ခွင့်ပြုမည် မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ ရိုးရာသပိတ်မျှောပွဲတွင် မြေသား ဖြင့် ပြုလုပ်ထားသည့် သပိတ်များကိုသာ မျှောခွင့်ပြုမည်ဖြစ်ပြီး ပလပ်စတစ် သပိတ်တွေ့ပါက တားဆီးကာ သိမ်းဆည်းမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ဇင်းကျွန်းတွင် ပထမဆုံးအကြိမ် သပိတ်မျှောမည်

လောင်းလုံးမြို့နယ်အတွင်းရှိ ဇင်းကျွန်းတွင် ပထမဆုံးအကြိမ် သပိတ်မျှောပွဲကျင်းပမည်ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူများထံမှ သိရသည်။ ဇင်းကျွန်း ခေါ် ကျွန်းသာယာသည် အောက်ကျောက်ဝပ်ကျေးရွာ၊ ရှင်မော်ဘုရားသို့ သွားရာလမ်းအနီးတွင် တည် ရှိသည်။ သပိတ်မျှောပွဲကို သီတင်းကျွတ် လပြည့်နေ့ ည ၈ နာရီခန့်မှ...

မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ ခုတ်လှဲခံနေရ၊ အစိုးရက ထိန်းသိမ်း၊ စိုက်ပျိုးရန် လိုအပ်နေဟုဆို

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေတွင် ပေါက်ရောက် နေသည့် ပင်လယ်ကဗွီးပင်များ ခုတ်လှဲ ခံနေရသဖြင့် တိုင်းအစိုးရအစီအစဉ်ဖြင့် ပြန်လည်ထိန်းသိမ်းစိုက်ပျိုးသင့်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောသည်။ မောင်းမကန်ကမ်းခြေတွင် ပေါက်ရောက်နေကြသည့် ပင်လယ်ကဗွီးပင် အချို့ကို ယင်းကမ်းခြေရှိ စားသောက်ဆိုင် ပိုင်ရှင်များက ဆိုင်မျက်နှာစာနှင့်ကွယ်သည်ဟုဆိုကာ ခုတ်လဲှခြင်း၊ သဲသောင် ပြင်ကို...

တိုင်းအတွင်းရှိ မြို့နယ်ငါးခုတွင် မျိုးစပါး ဧကတစ်ရာကျော်စိုက်မည်

တိုင်းအတွင်းရှိ မြို့နယ်ငါးခုတွင် ရက် ၉၀ မျိုးစပါး ဧကတစ်ရာကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် ရေကြီးနစ်မြုပ် မှုကြောင့် ပျက်စီးခဲ့သည့်လယ်များ အတွက် အခြားတိုင်းနှင့်ပြည်နယ်များ တွင် မျိုးစပါး ဝယ်ယူနေရသဖြင့် လာမည့်နှစ်အတွက် ကြိုတင်ပြင်ဆင်သည့်  အနေဖြင့် နွေတွင်...