ဇင်းကျွန်းတွင် ပထမဆုံးအကြိမ် သပိတ်မျှောမည်

0
714

လောင်းလုံးမြို့နယ်အတွင်းရှိ ဇင်းကျွန်းတွင် ပထမဆုံးအကြိမ် သပိတ်မျှောပွဲကျင်းပမည်ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူများထံမှ သိရသည်။

ဇင်းကျွန်း ခေါ် ကျွန်းသာယာသည် အောက်ကျောက်ဝပ်ကျေးရွာ၊ ရှင်မော်ဘုရားသို့ သွားရာလမ်းအနီးတွင် တည် ရှိသည်။

သပိတ်မျှောပွဲကို သီတင်းကျွတ် လပြည့်နေ့ ည ၈ နာရီခန့်မှ ၁၁ နာရီခန့် အထိ ကျင်းပမည်ဖြစ်ကြောင်း သပိတ်မျှော ပွဲဖြစ်မြောက်ရေး ဦးစီးဆောင်ရွက်နေသည့် ဦးကျော်ရွှေက ဆိုသည်။

ယင်းကဲ့သို့သော သပိတ်မျှောပွဲတော် ကို အောက်ကျောက်ဝပ်ကျေးရွာတစ်ဝိုက်တွင် ယခင်က ကျင်းပခဲ့ဖူးခြင်းမရှှိဘဲ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်စီစဉ်ခဲ့ ကြောင်း ၎င်းက ပြောသည်။

ပင်လယ်ရေတက်သည့်အချိန်ကို ချိန်ဆရခြင်းကြောင့် လပြည့်နေ့ ည ၈ နာရီခန့်တွင် မျှောရန်စီစဉ်ခြင်း ဖြစ်ကြောင်း ဦးကျော်ရွှေက ဆိုသည်။

“ဇင်းကျွန်းကိုလည်း လူသိများအောင် ဖော်ဆောင်ရာလည်း ရောက်တာပေါ့” ဟု ဦးကျော်ရွှေက ပြောသည်။

ကားလမ်းမနှင့် ဇင်းကျွန်းသို့ ဆက်သွယ်ထားသည့် ဆောက်လုပ်ဆဲ တံတားထိပ်မှ ရေပြင်ရှိဖောင်ပေါ်သို့ လှေကားဖြင့်ဆင်းကာ သပိတ်မျှောနိုင်ရန်စီစဉ်ထားကြောင်း ဦးကျော်ရွှေက ဆိုသည်။

သပိတ်မျှောရာတွင် အသင့်မျှောနိုင် သည့် သပိတ်အလုံးရေ ၁၀၀ စီစဉ်ထား ပြီး ဆွမ်း၊ သစ်သီး စသည့်လှူဖွယ်ပစ္စည်း များပါဝင်သည့် သပိတ်တစ်လုံးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန်လျာ ထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကားလမ်းမကြီးနှင့် ဇင်းကျွန်းသို့ ဆက်သွယ်မည့် တံတားငယ်မှာ သုံးပုံတစ်ပုံခန့်ပြီးစီးနေပြီ ဖြစ်သည်။

ကိုဇော်