နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ရာတွင် ဥပါသကာများ ညီညီညာညာ လိုက်ပါရန် မေတ္တာရပ်ခံ

ထားဝယ်မြို့တွင် ၁၁၀ ကြိမ်မြောက် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတွင် ဥပါသကာများ ညီညီညာညာ တန်းစီပြီး လိုက်ပါရန် မေတ္တာရပ်ခံထားကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ဝင် (ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ) ဦးထွန်းကြည်က ပြောသည်။ ပြီးခဲ့သည့်နှစ်က ဥပါသကာများ ညီညာစွာစီတန်းပြီးလိုက်ပါသည့် ရပ်ကွက်/ကျေးရွာအချို့ရှိခဲ့ပြီး ယခုနှစ်တွင် အားလုံးညီညာစွာ လိုက်ပါရန်...

တနင်္သာရီဂျာနယ်အမှု တိုင်းတရားလွှတ်တော်တွင် အပြီးသတ်လျှောက်လဲ

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို အောက်တိုဘာလ ၁၈ ရက်က တိုင်းဒေသ ကြီး တရားလွှတ်တော်၌ နှစ်ဘက်အပြီး သတ်လျှောက်လဲခဲ့ကြ သည်။ တရားခွင်အတွင်း လျှောက်လဲချက် ပေးရာတွင် အခြေခံဥပဒေပါ နိုင်ငံသား လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့် အချက် ၈ ချက်ကို...

တပ်မတော်အရာရှိ ဟောင်းတစ်ဦးထံမှ တစ်သောင်းတန်အတု ဖမ်းမိ

ထားဝယ်မြို့တွင် တပ်မတော်အရာ ရှိဟောင်းတစ်ဦးထံမှ တစ်သောင်းတန်ငွေ စက္ကူအတုများ ဖမ်းမိခဲ့ကြောင်း ထားဝယ် မြို့မ ရဲစခန်းထံမှ သိရသည်။ ရန်ကုန်မြို့နေ အသက် ၃၂ နှစ်အရွယ် ရှိ အဆိုပါအမျိုးသားသည် ဗိုလ်ကြီးဟောင်းဖြစ်ပြီး တပ်မတော်မှပြစ်မှုဖြင့် ထုတ်ပယ် ခံထားရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်...

တီဇစ်နှင့် ကလုံးထာ CBT ယခုလကုန် ခွင့်ပြုမည်

ထားဝယ်ဒေသရှိ တီဇစ်ကျေးရွာနှင့် ကလုံးထာကျေးရွာတို့တွင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း(CBT) ကို ယခုလ နှောင်းပိုင်းတွင် စတင်ခွင့်ပြုတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ CBT ခရီးစဉ်များကို   အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ  နေ့ချင်းပြန်သွားရောက်လည်ပတ်ခွင့်ပြု မည်ဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက...

ထားဝယ်မြို့အတွင်း အမှိုက်ပုံး တစ်ရာကျော် ထပ်ချမည်

ထားဝယ်မြို့အတွင်း လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် အမှိုက်ပုံး အလုံးရေ တစ်ရာကျော် ချထားမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၁၁၀ လီတာဆံ့ ဘီးတပ်အမှိုက်ပုံး ၁၂၅ လုံးကို ငွေကျပ် ၇၅ သိန်း အသုံးပြုကာ ဝယ်ယူမည်ဖြစ်ပြီး တစ်လုံးလျှင်ခြောက်...

ကာယဗလမောင်ပြိုင်ပွဲတွင် မြိတ်က ပြိုင်ပွဲဝင်ဦးရေ အကန့်အသတ်မရှိ ဝင်ပြိုင်ခွင့်ရမည်

မြို့နယ်ပေါင်းစုံ ကာယဗလမောင် ပြိုင်ပွဲတွင် မြိတ်မြို့က ပြိုင်ပွဲဝင်ဦးရေ အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာဦးစီးဌာနထံမှ သိရသည်။ ယင်းပြိုင်ပွဲကို မြိတ်မြို့တွင် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အိမ်ရှင်ဖြစ်သည့် မြို့နယ်က ပြိုင်ပွဲဝင် အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးကို ရရှိခြင်းဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

တနင်္သာရီတိုင်း လူငယ်စင်တာတွင် ဆွေးနွေးပွဲများ လစဉ်ပြုလုပ်မည်

တနင်္သာရီတိုင်း ယာယီလူငယ်စင်တာနှင့် ရုံးခန်းကို ထားဝယ်မြို့တွင် အောက်တိုဘာလ ၉ ရက်က ဖွင့်လှစ် လိုက်ပြီး ယင်းနေရာတွင် လူငယ်များနှင့် သက်ဆိုင်သည့် ဆွေနွေးပွဲများကို လစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာ ကော်မတီထံမှ သိရသည်။ အထက်ဖော်ပြပါ ယာယီလူငယ်စင်တာနှင့် ရုံးခန်းကို ထားဝယ်မြို့...

ထားဝယ်အမှိုက်ကန်ထွက် အော်ဂဲနစ်မြေဆွေး ဝယ်သူများလာသဖြင့် ထုတ်မလောက်

ထားဝယ်အမှိုက်ကန်ရှိ ဟင်းသီးဟင်းရွက်အကြွင်းအကျန်များဖြင့် ထုတ်လုပ်ထားသည့် AA အမှတ်တံဆိပ် အော်ဂဲ နစ်မြေဆွေးကို မှာယူသူများလာသဖြင့် လိုသလောက်မထုတ်ပေးနိုင်ဘဲ ဖြစ်နေသည်ဟု အော်ဂဲနစ်မြေဆွေးထုတ်လုပ်ရောင်းချသည့် အဖွဲ့ထံမှ သိရသည်။ ယခင်က အော်ဂဲနစ်မြေဆွေးကို ထားဝယ်ဈေးကွက်တွင် အသုံးပြုသူ နည်းနေသေးသော်လည်း လက်ရှိတွင် ထုတ်လုပ်နိုင်သမျှကို အကုန်ဝယ်ယူမည့်သူများ ရှိလာပြီး ဈေးကွက်ဝယ်လိုအားအတိုင်း ထုတ်မပေးနိုင်ဘဲ...

တနင်္သာရီတိုင်းအတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်းတစ်ထောင် ပြည်ထောင်စုမှ ခွဲဝေပေး

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းအတွင်း အသုံးပြုရန် ပြည်ထောင်စုအစိုးရက အရေးပေါ် ရန်ပုံငွေအဖြစ် ကျပ်သန်းတစ်ထောင် ခွဲဝေပေးခဲ့ကြောင်း တိုင်းဒေသကြီး ရသုံး မှန်းခြေငွေစာရင်းဌာနထံမှ သိရသည်။ ယခင်က အရေးပေါ်ရန်ပုံငွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်အောက်တွင် တိုင်းအစီအစဉ်ဖြင့် လျာထားခြင်း၊ ပြည်ထောင်စုအစိုးရတွင် လျာထားခြင်းများရှိသော်လည်း ယခုနှစ်...

တိုင်းလွှတ်တော် ကော်မတီလေးခု ပြင်ဆင်ဖွဲ့စည်း

တနင်္သာရီတိုင်းလွှတ်တော်တွင် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မတီလေးခုကို အောက်တိုဘာလ ၁ ရက်က ကျင်းပသော တိုင်းလွှတ်တော်ပုံမှန်အစည်း အဝေးတွင် အတည်ပြုချက်ယူကာ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်မှ တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ်သို့ တာဝန်ယူသွားသည့် ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်စသဖြင့် တာဝန်ယူထားသည့် ကော်မတီလေးခုကို...