မြေတိုက်ကျောင်းဆောက်လုပ်မှု သုံးပုံတစ်ပုံပြီးစီး

0
829
ဆောက်လုပ်နေဆဲဖြစ်သည့် မြေတိုက်ကျောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

မီးလောင်မှုကြောင့် ပျက်စီးသွားသော မြေတိုက်ကျောင်းဝင်းအတွင်းရှိ နှစ် ၁၅၀ သက်တမ်းရှိ သစ်သားကျောင်း ဆောင်နေရာတွင် အသစ်ပြန်လည် တည်ဆောက်နေပြီး လက်ရှိအချိန်အထိ သုံးပုံတစ်ပုံခန့် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြေတိုက်ကျောင်းဂေါပက အဖွဲ့ထံမှ သိရသည်။

ယင်းကျောင်းဝင်းအတွင်းရှိ ပင်မသစ်သားဆောင်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၁၁ ရက် ညက မီးလောင်သွားခဲ့ပြီး ဂဏဝိမုတ်စာချွန်တော်နှင့် အခြားရှေးဟောင်းပစ္စည်းများ မီးထဲပါသွားခဲ့သည်။

မီးလောင်ခဲ့သည့် သစ်သားကျောင်း နေရာတွင် ယခင်လက်ရာအတိုင်း သစ်သားကျောင်းဆောင်အသစ်ကို ယခုနှစ်မတ်လ ၂၀ ရက်က စတင်ဆောက် လုပ်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်ထူ၊ သွပ်မိုး၊ ကြမ်းခင်း (အကြမ်းထည်)ခြင်း စသည့်တို့ကိုလုပ် ဆောင်ပြီးဖြစ်ကာ ထောင်ပျဉ်ခင်းခြင်း၊ လှေကား၊ ဘုရားခန်းစသည်တို့ကို လုပ် ဆောင်ရန်ကျန်နေသေးကြောင်း မြေတိုက် ကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦး က ပြောသည်။

“သုံးပုံတစ်ပုံလောက်ပဲပြီးသေးတယ်။ ပြီးမယ့်အချိန်ကိုတော့ တိတိကျကျ ခန့်မှန်းလို့မရသေးဘူး။ နောက်ထပ် လုပ်စရာတွေက အများကြီးရှိသေးတာကို။ သံကို မသုံးဘဲနဲ့ စရွေးကိုက်(သစ်စို့) အတိုင်းလုပ်တာဆိုတော့ အချိန်ကြာတယ်။ သံနဲ့လုပ်တာဆိုရင်တော့ ပြီးတာကြာ ပြီပေါ့”ဟု ဦးတင်ဦးက ဆိုသည်။

ယင်သစ်သားကျောင်းဆောင်ကို ပျဉ်ကတိုးသစ်ကို အသုံးပြုကာဆောက် လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပျဉ်ကတိုး သစ်တန် ၂၀၀ နီးပါးကို အသုံးပြုထား ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသစ်သားကျောင်းဆောင်ကို ထားဝယ်သား ရှေးလက်သမားဆရာကြီး တစ်ဦးဖြစ်သော ဦးဟန်ကြည်က ကြီးကြပ်လျက် ဆောက်လုပ်နေခြင်းဖြစ်ပြီး အလှူ ငွေများအား မြေတိုက်ကျောင်းကို လူကိုယ် တိုင်လာရောက်လှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး