ဇဟာတွင် ဘုရားဖူးကားတစ်စီးမှောက်

0
4215

ရန်ကုန်မြို့မှ ဘုရားဖူးလာသည့် အန်စာတုံးကားတစ်စီးသည် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့မရောက်မီ ငါးမိုင်ခန့်အလိုတွင် တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ဇဟာသင်္ချိုင်းအရှေ့တွင် လမ်းဝဲဘက်ရှိ လျှပ်စစ်မီးတိုင်များကို တိုက်ကာ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ကားပေါ်တွင် မိသားစုဝင် ၁၅ ဦး လိုက်ပါလာခဲ့ပြီး ဒဏ်ရာရသူ ၄ ဦးကို
ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

Dawei Watch