တနင်္သာရီအမျိုးသမီးပြေးခုန်ပစ်အဖွဲ့ ကစားနည်းနှစ်မျိုးတွင် စံချိန်သစ်တင်

0
497

တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီအသင်းက ကစားနည်းနှစ်မျိုးတွင် စံချိန်သစ်တင် နိုင်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲနှင့် အမျိုးသမီးမီတာ ၁၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲတို့တွင် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က တင်ထားသည့် စံချိန်များ မှာ အမျိုးသမီးအမြင့်ခုန်တွင် ၁ ဒသမ ၄၉ မီတာရှိပြီး အမျိုးသမီး(လေးဦး) မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ၅၄ မိနစ် ၁၀ စက်္ကန့်ဖြစ်သည်။

အောက်တိုဘာလ ၁ ရက်မှ ၃ ရက် အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ မမြတ်နိုးသူက အမျိုးသမီးအမြင့်ခုန်ပြိုင် ပွဲတွင် ၁ ဒသမ ၅၄ မီတာဖြင့် စံချိန်အသစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးလက်ဆင့်ကမ်းပြိုင်ပွဲ တွင်လည်း တနင်္သာရီအဖွဲ့က ၅၃ မိနစ် ၀၅ စက္ကန့်ဖြင့် စံချိန်အသစ်တင်နိုင်ခဲ့ သည်။

ယင်းအပြင် အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင်လည်း ယခင် စံချိန်တင် ထားသည့် ၁၂ မိနစ် ၉၀ စက်္ကန့်ကို တနင်္သာရီ တိုင်းမှ မအေးမြတ်သူက ၁၂ မိနစ် ၇၅ စက္ကန့်ဖြင့် စံချိန်ချိုးနိုင်ခဲ့ကြောင်း ယင်း အသင်းအုပ်ချုပ်သူ ဦးသန်းဇော်မိုးက ပြောသည်။

ယင်းအတွက်ကြောင့် တိုင်းနှင့်ပြည် နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ အမျိုးသမီး အဖွဲ့က တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန် ပစ် စံချိန်အသစ်နှစ်ခု တင်နိုင်ခဲ့ပြီး စံချိန် တစ်ခု ချိုးနိုင်ခဲ့သည်။

“စံချိန်အသစ်တင်နိုင်တာနဲ့ စံချိန် ချိုးတာက မတူဘူး။ စံချိန်အသစ်တင် တယ်ဆိုတာက တိုင်းနှင့်ပြည်နယ်အဆင့် မှာ သူ့စံချိန်ကအမြင့်ဆုံးဆိုပြီး စံချိန် အသစ်ဝင်သွားတာ။ ဒီနှစ်မှာဆိုရင် အမျိုး သမီး မီတာ ၁၀၀ အပြေးမှာ စံချိန်ချိုးတဲ့ သုံးဦးရှိတယ်။ ပထမဆုရတဲ့သူက တော့ စံချိန်အသစ်တင်ပြီးတော့ ကျန်တဲ့ နှစ်ယောက်က စံချိန်ချိုးသူပဲဖြစ်သွား တယ်” ဟု ၎င်းက ရှင်းပြသည်။

တနင်္သာရီအမျိုးသမီး ပြေးခုန်ပစ် အသင်းသည် ယင်းကဲ့သို့ စံချိန်သစ် တင်နိုင်ခြင်းနှင့် စံချိန်ချိုးနိုင်ခြင်း အပြင် ရွှေ ၆ ခု၊ ငွေ ၂ ခု၊ ကြေး ၁ ခုဖြင့်  အမျိုးသမီး စုပေါင်း တံခွန်စိုက်ဆုကိုလည်း သုံးနှစ် ဆက်ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

 ကျော်သူစိုး