မီးရှူးမီးပန်း၊ ဗျောက်အိုးရောင်းချ သူများကို ဖိဖိစီးစီးဖမ်းမည်ဟုဆို

ယခုနှစ် သီတင်းကျွတ်ကာလတွင် မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်းချသူများကို ဖိဖိစီးစီး ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်း ချခြင်း၊ ပစ်ဖောက်ခြင်းများမလုပ်ရန် ဒေသန္တရအမိန့် (၁၈၈) ကို စက်တင်ဘာ လ ၂၄ ရက်က ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင်...

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းစာအုပ် ထုတ်ပေးပြီး နှစ်ပတ်ကျော် ကြာသည် အထိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့ မရသေး

အစိုးရဌာနဆိုင်ရာ လုပ်ငန်းများ လုပ်ထုံးလုပ်နည်း (SOP) စာအုပ်ကို ထုတ်ပေးလျက်ရှိကြောင်း တိုင်းလွှတ် တော်တွင် ၀န်ကြီးက ဖြေကြားခဲ့သော်လည်း အချို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ နှစ်ပတ်ကျော် ကြာသည် အထိ ယင်းစာအုပ်မရသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်က ကျင်းပသည့်...

ဆိုင်ကယ်၊ ကားအမည်ပေါက် ပြောင်းက အခွန်နှုန်းထားလျော့ လာမည်

ဆိုင်ကယ်၊ ကားများ အမည်ပေါက် ပြောင်းလဲချိန်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံသည့် ၀င်ငွေ အခွန်နှုန်းထားကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လျော့ချတော့ မည်ဖြစ်သည်။ အထက်ပါယာဉ်များ အမည်ပေါက် ပြောင်းပါက ယခင်အခွန်အကောက် ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်းသုံးရာ...

ထားဝယ်ရိုးရာသပိတ်မျှောပွဲ ယခင်နှစ်ထက် ပိုစည်ကားစွာ ကျင်းပရန် စီစဉ်

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့် သပိတ်မျှောပွဲတော်ကို ယခင် နှစ်ထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။ သပိတ်မျှောပွဲတော်တွင် ထားဝယ် ရိုးရာ မုန့်ရောင်းချမည့်ဆိုင်တန်းနှင့်အတူ Food Counter...

ထားဝယ်စည်ပင်ဈေးကြီးရှိ ရွှေဆိုင်ခန်း ငှားရမ်းခ တစ်လ ကျပ်သုံးသောင်း ကောက်ခံရန်ပြင်

ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး ပတ်လည်တွင် ခင်းကျင်းရောင်းချ နေသည့် ရွှေဆိုင်အခန်းများ ငှားရမ်းခ တစ်လလျှင် ငွေကျပ်သုံးသောင်း ကောက်ခံရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြင်ဆင်နေသည်။ လက်ရှိတွင် ရွှေဆိုင်အခန်းငှားခကို ကျပ် ၃၀၀၀ မှ ကျပ် ၆၅၀၀ အထိသာ ကောက်ခံနေရာမှ...

အောက်တိုဘာ ၁ ရက်မှစ၍ ငါးဖမ်းလှေများတွင် VMS စနစ် တပ်ဆင်မည်

ကမ်းဝေးငါးဖမ်းလှေများတွင် VMS ခေါ် စောင့်ကြည့်ရေးစနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင် တပ်ဆင်မည်ဖြစ်ကြောင်း VMS တပ်ဆင်မည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် K ကုမ္ပဏီထံမှ သိရသည်။ VMS စနစ် တပ်ဆင်ရန်...

လျှပ်စစ်တင်ဒါကိစ္စ အဂတိလိုက်စား သည်ဟု ယူဆပါက တိုင်ကြားနိုင်ဟု လျှပ်စစ်ဝန်ကြီးဆို

တိုင်းအတွင်း ခရိုင်၊ မြို့နယ်အလိုက် ခေါ်ယူနေသည့် လျှပ်စစ်တင်ဒါနှင့် ပတ်သက်၍ အဂတိလိုက်စားသည်ဟု ထင်မြင်ယူဆပါက တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လျှပ်စစ်တင်ဒါနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းမညီခြင်း၊ အဂတိ လိုက်စားခြင်းများရှိကြောင်း ယူဆပါက တိုင်ကြားနိုင်သော်လည်း တိုင်ကြားသူဘက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိရန်လို...

ရပ်ကျေးအဆင့်တည်ကော်အဖွဲ့များမှာ လက်မှတ်ထိုးပေးသည့် အဆင့်သာရှိဟုဆို

ရပ်ကွက်၊ ကျေးရွာအဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများမှာ လက်မှတ်ထိုးပေးသည့် အဆင့် လောက်သာရှိနေပြီး မည်သည့် လုပ်ပိုင်ခွင့် မျှမရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးဗိုလ်ထွေးက ပြောသည်။ စက်တင်ဘာလ ၂၅ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် တိုင်းအတွင်းဖွဲ့စည်းထား သော တည်ဆောက်ရေးလုပ်ငန်း...

ဖုန်းဆိုင်ဖောက်ထွင်းပြီး ဓာတ်ဆီလောင်းမီးရှို့သူ ဖမ်းမိ၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

ထားဝယ်၊ စက်တင်ဘာ ၂၆ ထားဝယ်မြို့လယ်ရှိ ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး ဓာတ်ဆီလောင်းမီးရှို့သူကို ကျူးလွန်ပြီး သုံးရက်အကြာတွင် ဖမ်းမိခဲ့ပြီး ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ စက်တင်ဘာလ ၂၂...

အခြေခံ ကျောင်းသား တစ်ထောင် နီးပါးကို ခရစ်ကက် ကစားနည်း သင်တန်းပေးမည်

ထားဝယ်နှင့် လောင်းလုံးမြို့ရှိ အခြေခံပညာ အဋ္ဌမတန်းနှင့် န၀မတန်း ကျောင်းသား တစ်ထောင်နီးပါးကို ခရစ်ကက် အားကစားနည်း သင်တန်း ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် လောင်းလုံး မြို့ရှိ အထက်တန်းကျောင်းတို့မှ...