ဦးအောင်စိုး ပါတီမှနုတ်ထွက်မှု ဗဟိုမှ တစ်စုံတစ်ရာ ဆက်လက် မဆောင်ရွက်သေး

ဦးအောင်စိုး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ နုတ်ထွက်စာ တင်ထားသည့်ကိစ္စကို ၂ ပတ်ကျော်ကြာ သည်အထိ တစ်စုံတစ်ရာ ဆက်လက် ဆောင်ရွက်ခြင်း မရှိသေးပေ။ ၎င်းကိစ္စ ဆက်လက်ဆောင်ရွက်နိုင်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ၂ ၏ ညွှန်ကြားချက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း NLD ပါတီ၏...

ဒေါက်တာလဲ့လဲ့မော်အမှုရုံးချိန်းတွင် စီမံဘဏ္ဍာဝန်ကြီးဟောင်း၊ တိုင်းထွေအုပ်ဒုညွှန်မှူးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ ထွက်ဆိုချက် ကောက်နုတ်ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၂၃ ကြိမ်မြောက်နှင့် ၂၄ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၅ ရက် နှင့် ၆ ရက်တို့က စစ်ဆေးခဲ့သည်။

သစ်လွင်သော ငွေစက္ကူများသာ ပြည်သူကို ထုတ်ပေးရန် ဘဏ်များကို ညွှန်ကြား

ဘဏ်များမှတစ်ဆင့် အများပြည်သူ များကို ငွေထုတ်ပေးရာတွင် သုံးစွဲရန် မသင့်တော်သော ဟောင်းနွမ်း စုတ်ပြဲနေသည့် ငွေစက္ကူများကို ထုတ်ပေးခြင်း မပြုဘဲ ကောင်းမွန်သစ်လွင်သော ငွေစက္ကူများကိုသာ ထုတ်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၃၁ ရက်က ညွှန်ကြားထားကြောင်း ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်အချို့ထံမှ သိရသည်။

တိုင်းအဆင့် ရော်ဘာဖိုရမ် ကျင်းပမည်

တနင်္သာရီတိုင်းအတွင်း ရေရှည်တည်တံ့သော ရော်ဘာထုတ်လုပ်နိုင်ရေးအတွက် တိုင်းအဆင့်ရော်ဘာဖိုရမ်ကို သြဂုတ်လ ၁၄ ရက်တွင် ထားဝယ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈ ခုနှစ် မတ်လက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သော ရော်ဘာဖိုရမ်တွင်...

ထွေအုပ်ဝန်ထမ်းနေရာ လေးဆယ်ကျော် အလုပ်ခေါ်

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်နေရာ လေးဆယ်ကျော်အတွက် ၀န်ထမ်း ခေါ်ယူထားကြောင်း တိုင်းထွေအုပ်ရုံးထံမှ သိရသည်။ တိုင်းထွေအုပ်တွင် လစ်လပ်နေသည့် အငယ်တန်းစာရေး ၁၀ ဦး၊ ဒုလက် ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ၂ ဦး၊ စာတွဲထိန်း ၂ ဦး၊ ရုံးအကူ ၂၆...

ထားဝယ် – ကံပေါက် ဓာတ်အားလိုင်းတစ်လျှောက် အပင်လျော်ကြေးကိစ္စ တိုင်းအစိုးရ အကြောင်းမပြန်သေး

ထားဝယ်- ကံပေါက်သို့ သွယ်တန်းထားသည့် ၆၆ကေဗွီဓာတ်အားလိုင်း ကြိုးအောက်ရှိ သီးနှံပင်များ လျော်ကြေး ပေးရေးကိစ္စ တင်ပြထားရာ လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက သြဂုတ်လ ၁ ရက်တွင် ပြောသည်။ ဦးသက်နိုင်ဦးက ကံပေါက်-ထားဝယ်...

ဝက်သား၊ အမဲသား သတ်မှတ်ဈေး ထက် ပိုရောင်းက အရေးယူမည်

ဝက်သား၊ အမဲသားနှင့် ဆိတ်သားကို သတ်မှတ်ဈေးထက် ဈေးတင်ရောင်းချ ပါက တိကျစွာအရေးယူမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ ၀က်သား(အသားသက်သက်) တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ အသား အရိုးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၈၅၀၀ ကျပ်နှင့် အဆီတစ်ပိဿာလျှင်...

တနင်္သာရီတိုင်း ယခုအပတ် မိုးလျော့မည်

တိုင်းအတွင်း သြဂုတ်လ ၈ ရက်မှ ၁၈ ရက်အတွင်း ယခင်အပတ်ကထက် မိုးလျော့နည်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယခင်အပတ်က တနင်္သာရီတိုင်း အတွင်း ပုံမှန်ရွာသွန်းသည့် မိုးရေချိန်ထက် မိုးပိုမိုရွာသွန်းခဲ့ပြီး ယခုအပတ် တွင်မူ ပုံမှန်ရွာသွန်းနေကျအတိုင်းသာ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း...

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ၀န်ကြီးဟောင်း ဦးကြည်လှိုင်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အမှုတွင် တရားလိုပြသက်သေ အဖြစ် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းဒေသ ကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၂၅ ကြိမ်မြောက်ရုံးချိန်း ဖြစ်သည့် သြဂုတ်လ...

ရှင်မော်ဘုရားတောင်နှင့်လမ်းမြေပြိုကျမှု နောက်ဆုံးရအခြေအနေ

ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်တောင်နှင့် လမ်းတစ်လျှောက်တွင် မြေပြိုကျမှုများဖြစ်ပေါ်နေသည့်အတွက် ရှင်မော်ဘုရားဂေါပကအဖွဲ့အဝင်အချို့နှင့် ဈေးသည်အချို့ လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ ကူညီရန် သွားရောက်နေသည့်အဖွဲ့များထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းက မြေပြိုမှုများဖြစ်ပွားနေသောကြောင့် ဂေါပကအဖွဲ့မှ လာရောက်ကူညီခေါ်ဆောင်ပေးရန် အကြောင်းကြားခဲ့ကြောင်း မြတ်မိခင်ပရဟိတလူမှုကူညီရေးအသင်းဝင် ကိုသက်ဇော်မြတ်က Dawei Watch သတင်းဌာနသို့...