ထားဝယ်ရိုးရာသပိတ်မျှောပွဲ ယခင်နှစ်ထက် ပိုစည်ကားစွာ ကျင်းပရန် စီစဉ်

0
1606

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့် သပိတ်မျှောပွဲတော်ကို ယခင် နှစ်ထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။

သပိတ်မျှောပွဲတော်တွင် ထားဝယ် ရိုးရာ မုန့်ရောင်းချမည့်ဆိုင်တန်းနှင့်အတူ Food Counter ထားရှိခြင်းနှင့် ထိုင်း-မြန်မာ ဈေးရောင်းပွဲတော်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက်အထိ ဈေးရောင်းပွဲ တော်များ လုပ်မည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။

သပိတ်မျှောပွဲတော် ရန်ပုံငွေပိုမိုရရှိ စေရန် LED ဘုတ်ဖြင့် ကုန်ပစ္စည်း ကြော်ငြာလက်ခံခြင်း၊ လိုဂိုပါသည့် အင်္ကျီထုတ်ခြင်း အစရှိသည့်အချက်များလည်း လုပ်ဆောင်ရန် ရည်ရွယ် ထားကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။

ယင်းအပြင် သပိတ်မျှောပွဲတော် အကြောင်း ပိုမိုသိရှိစေရန် ထားဝယ်မြို့ အ၀င် နေရာများတွင် သပိတ်မျှောပွဲတော် ဗီနိုင်းပိုစတာကပ်ခြင်း၊ ရန်ကုန်မြို့နှင့် ထားဝယ်ဒေသတစ်ဝှမ်းပြေးဆွဲနေ သည့် ခရီးသည်တင်ကားများတွင် စတေကာများ ကပ်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရန် ရည်ရွယ်ပြီး ယင်းကဲ့သို့ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။

သီတင်းကျွတ်လဆန်း ၁၄ ရက်ညတွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပမည့် ထားဝယ်မြစ်ကမ်းနဘေးတွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေပြီး သီတင်းကျွတ်လပြည့်နေ့ နံနက်၂ နာရီခန့်မှစကာ သပိတ်မျှောကြ လေ့ရှိသည်။

Dawei Watch