ထီးခီးမြို့စီမံကိန်း ရေးဆွဲရန် တနင်္သာရီတိုင်းအစိုးရ စပြင်

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဒေသကို မြို့ပြဖွံ့ဖြိုးရေးပုံစံရေးဆွဲရန် စတင်ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က ပြောကြားသည်။ ထီးခီးမြို့ပြစီမံကိန်း ရေးဆွဲရေးနှင့်ပတ်သက်သည့် ပထမဆုံးအစည်းအဝေး ကို မတ်လ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက်...

မလွှဲတောင် လမ်းပိုင်း ပျက်စီးနေရာအချို့ ဇွန်လအပြီး ပြင်မည်

ယမန်နှစ်မိုးရာသီက ပျက်စီးသွား ခဲ့သည့် မလွှဲတောင်လမ်းပိုင်းရှိ ယာယီ ဘေလီတံတားနှင့် အခြားနေရာနှစ်ခုတွင် ကျပ်သိန်း ခုနစ်ထောင် အသုံးပြုကာ ယခုနှစ်ဇွန်လမတိုင်မီအပြီး ပြုပြင်မည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။ ယာယီ...

ကျေးရွာအချို့တွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းပေးမည်

ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များရှိ ကျေးရွာအချို့ တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်း ပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။ ဝါးအခြေခံလက်မှုထည် ထုတ်လုပ် မှုသင်တန်း၊ အပ်ချုပ်သင်တန်း၊ စက်ပြင်...

စစ်မှုထမ်းအသက်မီသူများ ရပ်/ကျေး ထောက်ခံစာပါမှ ခရီးသွားခွင့်ပြုရန် စစ်ကောင်စီစတင်လုပ်ဆောင်

စစ်မှုထမ်းအရွယ်တွင် အကြုံးဝင်သည့် လူငယ်များ ခရီးသွားမည်ဆိုပါက ရပ်ကွက် နှင့် ကျေးရွာ ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်သူ အသိုင်းထံမှစုံစမ်းသိရှိရသည်။ မြိတ်မြို့ ရှိ အဝေးပြေးမော်တော်ယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းတွင် ယင်းသို့အကြောင်းကြားလာခြင်းဖြစ်သည်။

လောင်းလုံးတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ထောင်တစ်လကျ

လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတစ်ဦးကို မြို့နယ်တရားရုံးက ဧပြီလ ၂၉ ရက်တွင် ထောင်ဒဏ်တစ်လချမှတ်လိုက်ကြောင်း လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း...

စစ်ကောင်စီက ကမ်းရိုးတန်းစစ်တိုင်းမှူး အပြောင်းအလဲလုပ်

တနင်္သာရီတိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး နယ်မြေစိုးမိုးမှုအားနည်းလာသည့် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးေနရာကို အပြောင်းအလဲပြုလုပ်လိုက်သည်။ စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး အစား ဗိုလ်မှူးချုပ်စိုးမင်းဖြင့် မတ်လ တတိယပတ်အတွင်းက အစားထိုးလိုက်ခြင်းဖြစ်သည်။ ပြည်တွင်းသတင်းဌာန...

ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲဖြစ်

တနင်္သာရီတိုင်းဒေသကြီး၏ စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကကိုင်တွယ်ရသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုအပြောင်းအလဲလုပ်လိုက်ကြောင်း တပ်မတော်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ မူလတိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေအား နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးအဖြစ်မေလ ၁ ရက်က ပြောင်းရွှေ့ခန့်ထားလိုက်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၏ ကမ်းရိုးတန်းတိုင်းမှူးနေရာသို့...

ပုစွန်ခြောက်ဈေး နှစ်ဆတက်

အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြိတ်ဒေသထွက် ပုစွန်ခြောက်ဈေးနှုန်းနှစ်ဆ တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အာဏာမသိမ်းမီအချိန်က ပုစွန်ခြောက်အကြီး တစ်ပိဿာလျှင် လေးသောင်းကျပ်သာရှိခဲ့ပြီး လက်ရှိတွင် ခုနှစ်သောင်းကျော်မှ ရှစ်သောင်းအထိ ရှိလာနေကြောင်း ပုစွန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူအချို့က ပြောသည်။

ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြရန်တိုက်တွန်း

နှစ်သစ်တွင် စစ်ရေးပြင်းထန်မည်ဖြစ်၍ တိုင်းအတွင်းနေ ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ဖြတ်သန်းကြရန် တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁) ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ်သည် တော်လှန်နှစ်သစ်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲဆင်နွဲမည့် နှစ်ဖြစ်သည့်အတွက် စစ်ရေးသတိရှိရှိဖြင့် ကြိုတင်ပြင်ဆင်ကြရန်...

မြိတ်ရွာတစ်ရွာတွင် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ရွာလုံးကျွတ်ဆန်လှူ

အိမ်တစ်ဆောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် မြိတ်ရှိကျေးရွာတစ်ရွာတွင် ရွာလုံးကျွတ်ဆန်များ လှူဒါန်းခဲ့ကြောင်း ရွာသားများနှင့် ကျေးရွာရာအိမ်မှူးထံမှ သိရသည်။ အိမ်ခြေနှစ်ရာနီးပါးရှိသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ မြကမ်းသာကျေးရွာတစ်ရွာလုံးအား သဲကျောက်လုပ်ငန်းရှင်ဦးဆန်းအောင်နှင့် ဒေါ်အေးအေးမူ မိသားစုက မတ်လ၂၇ရက်တွင် မြကမ်းသာဘုန်းတော်ကြီးကျောင်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာ...