တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...

ရဲအင်အား သုံးပုံနှစ်ပုံသုံးကာ သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်မည်

ကိုရိုနာဂယက်ကြောင့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များမရှိသော်လည်း သင်္ကြန်ကာလအတွင်း စုစုပေါင်း ရဲတပ်ဖွဲ့အင်အား၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။ သင်္ကြန်ကာလမတိုင်မီ ၇ ရက်ကြိုတင်ကာ မြို့လုံခြုံရေးအတွက် မြို့ဝင်/ ထွက်နေရာများတွင်...

မေတ္တာတံတား ညဘက်ဖြတ်သန်းခွင့် ပိတ်

ထားဝယ်ဒေသမှ ထိုင်းနယ်စပ်သို့ သွားရောက်ရာလမ်းမပေါ်ရှိ အဓိက တံတားတစ်စင်းဖြစ်သော မေတ္တာတံတားကို ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ညဘက်ဖြတ်သန်းခွင့်မပြုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ အဆိုပါတံတားကို ညနေ ၆ နာရီမှ...

သင်္ကြန်ရေမပက်ရန် အစိုးရ မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း ရေလောင်း၊ ရေပက်ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေသဖြင့် ကလေးသင်္ကြန်အပါအဝင် သင်္ကြန်ပွဲတော်ကာလတွင် ရေလောင်း၊ ရေပက်ခြင်းမပြုရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင်...

လောင်းလုံးမြို့နယ်အတွင်း ရေမကစားရ ဒေသန္တရအမိန့် လူအချို့ ဖောက်ဖျက်

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသော ရေမကစားရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်သူများရှိနေသည်။ ကား၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာခြင်းအပါအဝင် မည်သည့်‌ရေပက်ကစားခြင်းကိုမျှ ခွင့်မပြုကြောင်း စသည့် အချက် ၁၀ ချက်ပါ ဒေသန္တရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက...

တနင်္သာရီအစိုးရကို စွဲဆိုထားသည့်အမှု တရားရုံးလက်ခံ၊ မေလ ၁၅ ရက်နေ့ စစစ်မည်

အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အစိုးရကိုတရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီဖြစ်သည်။ စူပါလိုကယ်ကုမ္ပဏီ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေရလိုမှုဖြင့်စွဲဆိုရာတွင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စု တစ်သိန်းကျော်ကို ထောက်ပံ့ပစ္စည်း စဖြန့်မည်

တနင်္သာရီတိုင်းအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်သိန်းသုံးသောင်းကျော်ကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ထောက်ပံ့ပစ္စည်း စဖြန့်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ အခြေခံလူတန်းစားစာရင်းကောက်ရာတွင်...