ရဲအင်အား သုံးပုံနှစ်ပုံသုံးကာ သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်မည်

0
304

ကိုရိုနာဂယက်ကြောင့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များမရှိသော်လည်း သင်္ကြန်ကာလအတွင်း စုစုပေါင်း ရဲတပ်ဖွဲ့အင်အား၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။


သင်္ကြန်ကာလမတိုင်မီ ၇ ရက်ကြိုတင်ကာ မြို့လုံခြုံရေးအတွက် မြို့ဝင်/ ထွက်နေရာများတွင် တုတ်၊ ဓား၊ လက်နက် စသည့် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


“ရှိတဲ့အင်အားရဲ့ သုံးပုံတစ်ပုံပဲ ရုံးမှာထားမှာ။ ကျန်တဲ့ဟာအကုန်လုံးက အသင့်စုဖွဲ့ထားမှာပေါ့နော်။ လိုအပ်ရင်ထွက်လို့ရအောင် အကုန်လုံးအသင့်စုဖွဲ့ ထားမှာ”ဟု ၎င်းက ပြောသည်။


သက်ဆိုင်ရာမြို့နယ်များတွင်လည်း နေ့/ည လှည့်ကင်းများဖြင့် စီမံထားကြောင်း ၎င်းကဆိုသည်။
တနင်္သာရီတိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ရှိသည်။


ကိုရိုနာရောဂါပိုးဂယက်ကြောင့် ယခုနှစ်သင်္ကြန်ပွဲတော်တွင် လူစုလူဝေးဖြစ်စေနိုင်သည့် မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုကြောင်း တိုင်းအစိုးရကထုတ်ပြန်ထားသည်။