လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်း

ဒေသတွင်း အရေးအရာကိစ္စများနဲ့ ပတ်သက်ပြီး မတူညီတဲ့ ပုံစံ၊ မတူညီတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပါဝင်ပူးပေါင်းလုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပြီး တနင်္သာရီ အပတ်စဉ်က လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်းတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒေသတွင်း အပြောင်းအလဲများအတွက်...

ရေလှူသူ ငါးဦးထက်ပိုမသွားရ

ထားဝယ်ခရိုင်အတွင်း ရေရှားဒေသများသို့ ရေအလှူသွားမည်ဆိုပါက လူငါးဦးထက်ပိုမသွားရဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

တနင်္သာရီတိုင်း ဆန်မပြတ်ဟု အာမခံ

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်း အတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ လက်ရှိတွင် တိုင်းအတွင်း ဆန် မပြတ်လပ်စေရေးနှင့်...

ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင်ကိစ္စ တရားစွဲမည်

ကိုရိုနာရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ဘုန်းကြီးပျံပွဲကျင်းပသည့် ရေဖြူမြို့နယ်ကိစ္စနှင့် မြိတ်မြို့တွင် လုပ်ဆောင်သွားသည့် မင်္ဂလာဆောင်ကိစ္စကို တရားစွဲဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့တွင် သက်တော် ၈၃ နှစ်အရွယ် ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် ဈာပန...

တနင်္သာရီ အစိုးရ ထောက်ပံ့ ပစ္စည်းငါးမျိုး စုံအောင် မပေးနိုင်သေး

အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ပစ္စည်းငါးမျိုးမစုံလင်သဖြင့် ပေးအပ်ချိန်တွင် ပစ္စည်းအမယ်စုံ မပေးနိုင်သေးခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ...

ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေဖောင်များ ဖမ်းမိ

ကလိန်အောင်မြို့၊ ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေတူးဖော်နေသည့် ရွှေဖောင်လေးဖောင်နှင့်အတူ လူခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကလိန်အောင်နယ်မြေရဲစခန်းထံမှ သိရ သည်။ သတင်းအရ မောရဝတီရေတပ်စခန်းမှ မတ်လ ၂၉ ရက် ညနေတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
Dawei Watch, Dawei News, Dawei News Media

ကံပေါက်တိုက်နယ်ဆေးရုံရှိ ကိုရိုနာကိစ္စ စောင့်ကြည့်လူနာအဆင့်သာရှိဟုဆို

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် အမျိုးသားမှာ စောင့်ကြည့်လူနာအဆင့်သာရှိကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။ ယင်းစောင့်ကြည့်လူနာမှာ လည်ချောင်းနာပြီး ချောင်းဆိုးသည့်အတွက် သမားတော်ကြီးများနှင့် တိုင်ပင်ကာ သွေးဖောက် စစ်ဆေးထားပြီး ကိုရိုနာရောဂါလက္ခဏာနှင့် မတူညီကြောင်း...

ဘုရားဖူးယာဉ်ကြီးများ တနင်္သာရီတိုင်းသို့ ဝင်ခွင့်ပိတ် ၊ ကုန်ကားနှင့် ခရီးသည်တင်ကားများ မပါ

တနင်္သာရီတိုင်းအတွင်းသို့ လာရောက်မည့် ဘုရားဖူးယာဉ်ကြီးများကို မတ်လ ၂၄ ရက် မနက်ပိုင်းမှစတင်ကာ ဝင်ရောက်ခွင့် မပြုတော့ကြောင်း Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌ ဝန်ကြီး ဦးဟိုပင်က ပြောသည်။

တနင်္သာရီတိုင်း၏ အမြင့်ဆုံး ရပ်တော်မူဘုရား

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ ဘုရားကိုးဆူ တောင်သစ်ကျောင်းတိုက်အတွင်းတည်နေသော တနင်္သာရီတိုင်း၏ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရပ်တော်မူဘုရားသည် လာမည့် ကဆုန်လပြည့်ညောင်ရေသွန်း ပွဲတော်ကာလ (မေလ ၆ ရက်) တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်က မိန့်သည်။ “ဓမ္မနိမ္မိ...

ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက် LED မီးတိုင် တစ်ဆယ်ကျော် တပ်ဆင်မည်

ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် အလင်းအားကောင်းသည့် LED မီးတိုင် ၁၁ တိုင် တပ်ဆင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် မှောင်နေပြီး ယခင်စိုက်ထူထားသည့် မီးတိုင်များမှာလည်း အလင်းရောင်ကောင်းစွာမရှိသဖြင့် သာမန်ထက်အလင်းအားကောင်းသည့် LED မီးတိုင်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။