တနင်္သာရီတိုင်း၏ အမြင့်ဆုံး ရပ်တော်မူဘုရား

0
484

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ ဘုရားကိုးဆူ တောင်သစ်ကျောင်းတိုက်အတွင်းတည်နေသော တနင်္သာရီတိုင်း၏ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရပ်တော်မူဘုရားသည် လာမည့် ကဆုန်လပြည့်ညောင်ရေသွန်း ပွဲတော်ကာလ (မေလ ၆ ရက်) တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်က မိန့်သည်။


“ဓမ္မနိမ္မိ ံတ္တ”ဟုဘွဲ့အမည်ပေးထားသော အဆိုပါရပ်တော်မူဘုရားကို ၂၀၁၉ ခုနှစ်ကတည်းက စတင်တည်နေခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလ ၆ ရက်ဆိုပါက တစ်ဆယ့်သုံးလတိတိ ပြည့်မည်ဖြစ်သည်။


အဆိုပါ ရပ်တော်မူဘုရားဉာဏ်တော်မှာ အတောင် ၅၀အတိရှိသောကြောင့် ဉာဏ်တော် ၂၇ တောင်ရှိသော ထားဝယ်မြို့ဘုမ္မော်ရပ်ရှိ ရပ်တော်မူဘုရားထက်မြင့်ကာ တနင်္သာရီတိုင်းတွင် ဉာဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရားတစ်ဆူ ဖြစ်လာမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်ဓမ္မဒေသကအရှင်ဝိစက္ခဏက မိန့်ကြားသည်။


“ဒီရပ်တော်မူဘုရားကိုတော့ လာမယ့်ကဆုန်လပြည့်မှာ အတိအလင်းပြီးစီး အောင်မြင်အောင်လုပ်ဖို့ရှိတာဆိုတော့ တပည့်တကာတွေ ဝိုင်းဝန်းအောင်မြင်အောင် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီပေးကြပါလို့ မိန့်ကြားချင်ပါတယ်”ဟု ဆရာတော်က မိန့်သည်။


ယင်းရပ်တော်မူစေတီသည် ပြီးခဲ့သည့် တပေါင်းလပြည့်နေ့က(မတ်လ ၈ ရက်) မျက်နှာတော်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ ရပ်တော်မူစေတီကို ငွေကျပ်သိန်းတစ်ထောင့်တစ်ရာအကုန်ကျခံ တည်ထားပူဇော်ထားပြီး ဘုရားဝမ်းဗိုက်တော်ထဲတွင် လူအများတက်ရောက်နိုင်သည့် ဘုံးကိုးဆင့်ကိုပါ ထည့်သွင်းတည်ထား ပူဇော်ထားကြောင်း ဆရာတော်က မိန့်ကြားသည်။