ဟိုတယ် ခရီးသွားလုပ်ငန်း လိုင်စင်ကြေး တစ်နှစ်စာလျှော့ပေးမည်

ကိုဗစ်ကပ်ဘေးကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လိုင်စင်ကြေးများကို တစ်နှစ်စာ လျှော့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဧပြီလ ၁ ရက်မှ လာမည့်နှစ် မတ်လ ၃၁ ရက်အထိ...

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ...

မြိတ်မြို့ စက်ရုံတစ်ခု တစ်နေ့နှာခေါင်းစည်း ၇၀ဝ ခန့်ထုတ်လုပ်နေ

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ အသေးစားစက်ရုံတစ်ခုမှ တစ်နေ့လျှင်နှာခေါင်းစည်း ခုနစ်ရာခန့်ထုတ်လုပ်နေကြောင်း ယင်းစက်ရုံမှ သိရသည်။ ယခင်ကအမျိုးသမီး ၄၀ ဦးဖြင့် အထည်ချုပ်သည့် ယင်းစက်ရုံတွင် ယခုအခါ အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်း ခေတ္တရပ်နား၍ အမျိုးသမီး ၂၀ ဦးခန့် နှင့်နှာခေါင်းစည်းများ...

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းဒေသကြီး Corona Virus...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...

ဒေါက်တာလဲ့လဲ့မော်အမှု လက်ရှိ ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှူးကို သက်သေအဖြစ် စစ်မည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် လက်ရှိ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကို တရားခံပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၅၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၉...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၇၊ ညနေ ၆ နာရီခွဲ)

ကိုရိုနာ သံသယလူနာ အသစ်မရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မတ်လ ၂၇ ရက်နေ့ ညနေပိုင်း စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသည့် သံသယလူနာ အသစ် မရှိပေ။

မြိတ်လျှပ်စစ်မီးတစ်ယူနစ် ကျပ် ၂၈၀ အထိ လျှော့ချပေးရန်တောင်းဆို

ကိုဗစ် ၁၉ ကပ်ဘေးဖြစ်ပွားနေသည့်ကာလအတွင်း တစ်ယူနစ်လျှင်ကျပ်၂၈၀ နှုန်းဖြင့်လျှော့ချပေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့် မြိတ်ဒေသခံများက တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၂၃ ရက်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျွန်းစုလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်းနှင့် မြို့ခံများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။

ရာသီကုန်လုနီး ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းများ ပြန်လည်ပတ်

ကင်းမွန်ဖမ်းသည့်ရာသီ ကုန်လုနီးပြီဖြစ်သော်လည်း ကင်းမွန်ပြုတ်ခြောက် အလုပ်ရုံများ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ယင်းအလုပ်ရုံများထံမှ သိရသည်။ ကိုဗစ်နိုင်တီးရောဂါဂယက်ကြောင့် ယင်းအလုပ်ရုံများ နှစ်လနီးပါးရပ်နားထားခဲ့ရပြီး ယခုအခါ လုပ်ငန်းပြန်လည် လည်ပတ်နေပြီဖြစ်သည်။ ကင်းမွန်များကိုနှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ...