မြိတ်မြို့ စက်ရုံတစ်ခု တစ်နေ့နှာခေါင်းစည်း ၇၀ဝ ခန့်ထုတ်လုပ်နေ

0
709

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ အသေးစားစက်ရုံတစ်ခုမှ တစ်နေ့လျှင်နှာခေါင်းစည်း ခုနစ်ရာခန့်ထုတ်လုပ်နေကြောင်း ယင်းစက်ရုံမှ သိရသည်။


ယခင်ကအမျိုးသမီး ၄၀ ဦးဖြင့် အထည်ချုပ်သည့် ယင်းစက်ရုံတွင် ယခုအခါ အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်း ခေတ္တရပ်နား၍ အမျိုးသမီး ၂၀ ဦးခန့် နှင့်နှာခေါင်းစည်းများ ချုပ်လုပ်နေခြင်းဖြစ်သည်။


နှာခေါင်းစည်းများကိုအဝတ်ပိတ်စတို့ဖြင့် သုံးထပ်ချုပ်ထားပြီး တစ်ခုလျှင် ကျပ် ၄၅၀ခန့် ကုန်ကျစရိတ်ရှိကာ ကိုဗစ်အန္တရာယ်ထိန်းချုပ်ရေး ပြုလုပ်နေသည့် ဌာနများနှင့်ပရဟိတအဖွဲ့များအတွက် သီးသန့်ထုတ်လုပ်နေရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ဦးသန်းလွင်ကပြောသည်။

ပြည်သူလူထုကိုပြန်ဖြန့်ဝေနေတဲ့ ပရဟိတအဖွဲ့တွေအတွက်ပဲ သီးသန့် အမြတ်အစွန်းမယူဘဲ သူတို့ယူလာတဲ့ ပိတ်စတွေနဲ့ဒီက ချုပ်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။


တစ်ခုလျှင် ကျပ် ၄၅၀ ကုန်ကျသည့် နှာခေါင်းစီးနှင့် ကျပ် ၃၀ဝကျော်ခန့်ကုန်ကျသည့် နှာခေါင်းစည်းနှစ်မျိုး ထုတ်လုပ်နေပြီး အွန်လိုင်းပေါ်မှလေ့လာကာ မျက်နှာနှင့် အကိုက်ညီဆုံးချုပ်လုပ်နည်းများကို အသုံးပြုထားကြောင်း ယင်းစက်ရုံမှဒီဇိုင်နာ ဒေါ်ဖူးဟန်နီကိုက ရှင်းပြသည်။


“ပညာရှင်တွေရဲ့ အကောင်းဆုံးနည်းတွေကိုယူပြီး ဘယ်ဟာကအကိုက်ညီဆုံးလည်းဆိုတာ ကို ရွေးချယ်ပြီးမှ ချုပ်တာပါ”ဟု ၎င်းက ပြောသည်။


နှာခေါင်းစည်းချုပ်လုပ်နေသည်မှာ ၄ ရက်သာရှိသေးပြီး မြိတ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များမှလည်း မှာယူမှုများရှိလာနေကြောင်း စက်ရုံပိုင်ရှင် ကိုသန်းလွင်က ပြောပြသည်။


နှာခေါင်းစည်းများအား အိမ်တွင်းတစ်နိုင်တစ်ပိုင် ချုပ်လုပ်နေသူများလည်းရှိနေပြီး လက်ရှိမြိတ်ဈေးကွက်အတွင်း ကျပ် ၇၀ဝ ဖြင့်ရောင်းချလျက်ရှိနေသည်။

ကိုဆန်း