ယမ်းငွေ့များကြား ဖူးပွင့်ခွင့်မရသည့် ပန်းကလေးများ
ကျောင်းစာသင်ခန်းနှင့် သုံးနှစ်ဝေးကွာသွားပြီဖြစ်သည့် လူမမယ်အရွယ် သားသမီးသုံးဦးအရေးကြောင့် မယု (အမည်လွှဲ) စားမဝင်၊ အိပ်မပျော်ဖြစ်နေရသည်။
ပညာမတတ်လျှင် မိဘများကဲ့သို့ပင် ဘဝကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ဖြတ်သန်းရမည်ကို တွေးပူကာ သောက ရောက်နေခြင်းဖြစ်သည်။
ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။
ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို...
ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန်...
တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်ထောင်ကျော်အောင်၊ ရှစ်ရာကျော်ဂုဏ်ထူးထွက်
တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် အောင်မြင်သည့် အနက် ရှစ်ရာကျော်မှာ ဂုဏ်ထူးထွက်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန် ၁၇) ထုတ်ပြန်လိုက်ပြီး တနင်္သာရီတိုင်းတွင်...
တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင်...
ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ
သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။
၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး...
မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်
မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။
မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...
ကျောင်းနားမလား၊ တက်မလား
ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားလိုက်ရပြီး နောက်နှစ်မှာလည်း အာဏာသိမ်းမှုကြောင့် ကျောင်းသားမိဘ အများစုက သားသမီးများကို ကျောင်းမပို့ခဲ့ကြပေ။ ယခုပညာသင်နှစ်တွင်လည်း ကျောင်းသားမိဘတွေ ခေါင်းစားနေရပြန်သည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်မည်လော၊ မအပ်ဘဲနေမည်လော ဟုပင်။
စစ်ကောင်စီကို...
ကျောင်းတက်ရေး၊ မတက်ရေး ဝိရောဓိ
အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ စတင်ကျောင်းအပ် လက်ခံနေပြီ။
ဒီနှစ်သမီးဖြစ်သူကို ကျောင်းတက်ခိုင်းမှာလားဆိုတဲ့ မေးခွန်းအပေါ် ရုတ်တရက် ဒေါ်ရှိန်တစ်ယောက် ဘာဖြေရမှန်းမသိ။
ခဏတွေဝေသွားပြီးမှ “မသိသေးဘူး” ဟု တစ်လုံးချင်း လေးပင်စွာ ပြောဆိုလိုက်ပါတယ်။
NUG ၏ ပညာရေးအဖွဲ့ FOEIM မှ အထက်တန်းပြ ဆရာများခေါ်ယူ
လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ အတွက် အခြေခံပညာကျောင်းသားများကို သင်ကြားပေးရန် အထက်တန်းပြများ လျှောက်ထားနိုင်သည်ဟု မေလ ၁၂ ရက်တွင် FOEIM မှ ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ အခြေခံပညာရေးကို သပိတ်မှောက်ထားသော အထက်တန်းကျောင်းသားများအတွက် FOEIM မှ အစိုးရသင်ရိုးနှင့် GED သင်ရိုးကို ပေါင်းစပ်သင်ကြားသွားရန်...