လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်း

0
688

ဒေသတွင်း အရေးအရာကိစ္စများနဲ့ ပတ်သက်ပြီး မတူညီတဲ့ ပုံစံ၊ မတူညီတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပါဝင်ပူးပေါင်းလုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပြီး တနင်္သာရီ အပတ်စဉ်က လက်ကိုင်ဖုန်းအသုံးပြု အခြေခံ ရုပ်သံသတင်းစာပညာ သင်တန်းတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေသတွင်း အပြောင်းအလဲများအတွက် လူထုသတင်းသမား(Citizen Journalist – CJ)အဖြစ် တစ်ထောင့်တစ်နေရာမှ ပါဝင် အားဖြည့်ချင်သူများ၊ သတင်းစာပညာဖြင့် သက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် အထူးသင့်လျော်တဲ့ သင်တန်း ဖြစ်ပါတယ်။

ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ် ၊ လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၀ နှစ်ထက် မကြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။

သင်တန်းကြေးက အခမဲ့ဖြစ်ပြီး နယ်ဝေးက တက်ရောက်သူများအတွက် တည်ခိုနေထိုင်ရေး စားရေးသောက်ရေးအတွက်လည်းတနင်္သာရီ အပတ်စဉ် ကုန်ကျခံပါတယ်။

သင်တန်းတက်ရောက်လိုသူများသည်

အောက်ဖော်ပြပါ လင့်ခ်တွင် လျှောက်လွှာအား ယူ၍ဖြစ်စေ

https://drive.google.com/open…

တနင်္သာရီ အပတ်စဉ်ရုံး

အမှတ် ၉၉(ခ)၊ မဟာဗန္ဓုလလမ်း၊ ကျောက်မော်ကြီးရပ်၊ ထားဝယ်မြို့တွင် လာရောက်ထုတ်ယူ၍ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

အွန်လိုင်းက လျှောက်ထားလိုသူတွေက

tanintharyiweekly@gmail.com သို့ပေးပို့လျှောက်ထားနိုင်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားလိုသူများကတော့ တနင်္သာရီ အပတ်စဉ် ဂျာနယ်ရုံးသို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။

မတ်လ ၁၂ ရက်နေ့ကို နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး သင်တန်း တက်ရောက်ခွင့်ရသူများကို မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထား အကြောင်းကြားမှာ ဖြစ်ပါတယ်။

သင်တန်းပြုလုပ်မည့်

နေ့ရက် – မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ( ၃ ရက်တိတိ )

အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ

နေရာ – The Lamp သင်တန်းခန်းမ (တနင်္သာရီ အပတ်စဉ် ဂျာနယ်ရုံးအပေါ်ထပ်)

အသေးစိတ် သိလိုပါက – ဦးမျိုးအောင်၊ ဖုန်း – ၀၉၂၅၃၅၄၅၂၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။