စစ်ကောင်စီက ကမ်းရိုးတန်းစစ်တိုင်းမှူး အပြောင်းအလဲလုပ်

0
2004

တနင်္သာရီတိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး နယ်မြေစိုးမိုးမှုအားနည်းလာသည့် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးေနရာကို အပြောင်းအလဲပြုလုပ်လိုက်သည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး အစား ဗိုလ်မှူးချုပ်စိုးမင်းဖြင့် မတ်လ တတိယပတ်အတွင်းက အစားထိုးလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းသတင်းဌာန အချို့တွင်မူ စစ်တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်ကျော်စွာဦးကို တာဝန်ကအနားပေးလိုက်ကြောင်း ရေးသားမှုများရှိသလို အရန်အင်အားပို့လိုက်ကြောင်း ရေးသားမှုများလည်းရှိသည်။

လက်ရှိစစ်တိုင်းမှူးဖြစ်လာသည့် ဗိုလ်မှူးချုပ်စိုးမင်းမှာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ယင်းမတိုင်မီက အမှတ် ၁၁ ေခြမြန်တပ်မဌာနချုပ် တပ်မမှူးဖြစ်ခဲ့ပြီး ယမန်နှစ် မတ်လက အရှေ့ေတာင်တိုင်း စစ်တိုင်းမှူးဖြစ်လာသည်။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှာ မြိတ်မြို့တွင် အခြေစိုက်ပြီး ၎င်းလက်အောက်ခံတပ်ရင်းများ၊ လက်ရုံးတပ်များကို ကြီးကြပ်ကွပ်ကဲရသလို ၎င်း၏အထက်မှပေးသည့် အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။