ကျေးရွာအချို့တွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းပေးမည်

0
3897

ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များရှိ ကျေးရွာအချို့ တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်း ပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


ဝါးအခြေခံလက်မှုထည် ထုတ်လုပ် မှုသင်တန်း၊ အပ်ချုပ်သင်တန်း၊ စက်ပြင် သင်တန်းနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ် မှု သင်တန်းများကို ယခုဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း အထက် ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်း က ပြောသည်။


“ကျေးရွာကလည်း တောင်းဆိုတဲ့ ဟာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ရွာ နဲ့တော့ ဒီသင်တန်းက ကိုက်ပါတယ်။ ဒါလေး ဖွင့်ပေးပါဆိုတာမျိုးပေါ့။ တစ်ချို့ လည်း တောင်းဆိုတယ်၊ တစ်ချို့ကျလည်း လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး တော့ ကျေးရွာတွေကိုယ်စား တောင်း ပေးတာတွေ ရှိတယ်”ဟု ဦးစိုးလင်းက ဆိုသည်။


ကျေးလက်နေပြည်သူများ အလုပ် အကိုင်ရရှိရေး၊ နည်းပညာနှင့် ဝင်ငွေ တိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ ချရေး ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တနင်္သာရီတိုင်း အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း ဦးစိုးလင်းက ပြောသည်။


သင်တန်းတစ်ခုလျှင် ကျပ် ၉ ဒသမ ၇၅ သန်းလျာထားပြီး သင်တန်း ၁၂ ခုအတွက် ၃၉ သန်း သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုဇော်