လောင်းလုံးတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ထောင်တစ်လကျ

0
2268

လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတစ်ဦးကို မြို့နယ်တရားရုံးက ဧပြီလ ၂၉ ရက်တွင် ထောင်ဒဏ်တစ်လချမှတ်လိုက်ကြောင်း လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။


လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဒုရဲမှူးဝင်းလွင်က ပြောသည်။


“မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးတိုက်လျှောက်ပြီး တရားစွဲတင်တာပါ။ သူကလည်း ဝန်ခံတဲ့အတွက် (မြို့နယ်တရားရုံး က) ထောင်ဒဏ်တစ်လ ချမှတ်လိုက်တာပါ”ဟု ၎င်းကပြောသည်။


ထောင်ဒဏ်ချမှတ်ခံရသူမှာ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားတစ်ဦးဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ညအချိန်ကင်းလှည့်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


ယင်းကဲ့သို့ဖမ်းမိစဉ် ICE ဟုယူဆရသော မူယစ်ဆေးဝါးကိုပါတွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးဥပဒေဖြင့်လည်း တရားစွဲထားကြောင်း သိရသည်။


လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်ကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက ဥပဒေအတိုင်းအရေးယူခံရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကျော်သူစိုး