ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြရန်တိုက်တွန်း

0
1535

နှစ်သစ်တွင် စစ်ရေးပြင်းထန်မည်ဖြစ်၍ တိုင်းအတွင်းနေ ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ဖြတ်သန်းကြရန် တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁) ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်သည် တော်လှန်နှစ်သစ်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲဆင်နွဲမည့် နှစ်ဖြစ်သည့်အတွက် စစ်ရေးသတိရှိရှိဖြင့် ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူများ ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေးအတွက် အစွမ်းရှိသမျှ လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိအချိန်တွင်လည်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ ရက်ဆက်ဆိုသလိုဖြစ်ပေါ်နေပြီး ဒေသအချို့တွင်လည်း စစ်ရေးတင်းမာလျှက်ရှိနေသည်။

“သတင်းတွေနဲ့ မြေပြင်လှုပ်ရှားမှုအခြေအနေကြည့်ရင် ဒီနှစ်က ပိုကြမ်းလာဖို့ရှိတယ်။ သွားတာလာတာ ဆင်ခြင်ကြဖို့၊ မလိုအပ်ရင် ခရီးသွားလာခြင်း မလုပ်ကြဖို့တော့လိုတာပေါ့။ ရွာဆိုလည်း ရွာအလိုက်၊ မြို့ဆိုရင်လည်း မြို့အလိုက် စစ်ရေးသတိနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့တော့ လိုလာပြီလို့မြင်တယ်” ဟု စစ်ရေးနိုင်ငံရေးလေ့လာသူ မြိတ်ဒေသခံ တစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပုလောမြို့နယ်ထဲတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၃၁ ရက်ညနှင့် ယနေ့ နံနက်တို့တွင် တနင်္သာရီမြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။