မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ

0
552

မြေပြင်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွန်လူဦးရေ ခြောက်သောင်းကျော်ရှိသော်လည်း မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာမရသည်မှာ မွန်လူဦးရေစာရင်း မြေပြင်နှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့်ဖြစ်ကြောင်း သိရသည်။

မွန်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ရရှိရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ( ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမကောက်ယူမီ) အချိန်ခန့်က မွန်လူဦးရေ စာရင်းကောက်ခံသည့်အဖွဲ့ တစ်ခုအား ဖွဲ့စည်းခဲ့ပြီး တိုင်းအတွင်း စာရင်းကောက်ယူခဲ့ရာ မွန်လူဦးရေ ခြောက်သောင်းကျော်ရရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်မင်းနိုင်ထံမှ သိရသည်။

သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန၏ စာရင်းအရ လေးသောင်းကျော်သာရှိကြောင်း မွန်ညီညွတ်ရေးပါတီ၏ မြိတ်မြို့နယ် ပြန်ကြားရေးမှူး နိုင်ချမ်းလွန်က ပြောပြ သည်။

“တချို့က အကြောင်းအမျိုးမျိုးကြောင့် (မှတ်ပုံတင်မှာ) ဗမာတွေဖြစ်‌နေတာ တစ်သောင်းလောက် ရှိတယ်” ဟု ဗဟိုအလုပ်အမှုဆောင် နိုင်မင်းနိုင်က ပြောသည်။

တိုင်းရင်းသားလူမျိုးစုဦးရေ နိုင်ငံ လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်း သို့မဟုတ် အထက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို ရွေးချယ်တင်မြှောက် ကြသည်။

တိုင်းအတွင်း ကောက်ယူခဲ့သည့် မွန်လူဦးရေစာရင်းအား ပြည်ထောင်စုအဆင့်အထိ တင်ပြထားပြီးဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီမှ သိရသည်။

မွန်အမျိုးသားကျောင်းအချို့ ဖွင့်လှစ်

“မွန်အမျိုးသားများအတွက် အထောက်အကူဖြစ်နိုင်အောင် မွန်ရေးရာ ဝန်ကြီးတစ်ပါး လိုချင်တာတော့ အမှန် ပဲ” ဟု ပြန်ကြားရေးမှူး နိုင်ချမ်းလွန်က ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်အနက် တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် တစ်နေရာပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မြင့်မိုရ်(မြိတ်)