ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

ကိုဗစ်ဒုတိယလှိုင်းရဲ့ သတိပေးသံ

diz_admin

September 17, 2020

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရဲ့ ကူးစက်မှု အခြေအနေတွေကတော့ စိုးရိမ်ကြရမယ့် အနေအထားလို့ ဆိုကြရပါမယ်။ မိုးသက်မုန်တိုင်း ကြီးကြီးမားမား မတိုက်ခင် အစပျိုးနေတဲ့ အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ မြင်ပါတယ်။ ကိုယ့် တနင်္သာရီတိုင်းဒေသကြီးကို တိုက်ရိုက် မထိခိုက်လာသေးပေမဲ့လို့ ပတ်ဝန်းကျင်တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တွေ၊ အထူးသဖြင့် ရခိုင်နဲ့ ရန်ကုန်မှာ ကူးစက်ပျံ့နှံ့နှုန်းနဲ့ အခြေအနေတွေ အရရော၊ ကိုယ့်ဘက်က ပြည်သူတွေရဲ့ အသိပညာရေချိန်နဲ့ စည်းကမ်းမလိုက်နာမှု၊ ဥပဒေအရရော စည်းကမ်းထိန်းသိမ်းရေးပါ လျော့ရဲနေမှု အခြေအနေတွေအပြင် ရောဂါဘေးထက် ဝမ်းစာရေးကို အဓိကထား ဖြေရှင်းနေကြရတဲ့ ပြည်သူ့ဘဝ အနေအထားတွေကြောင့် မနှေးအမြန် သူတို့လို အနေအထားမျိုး ကျွန်တော်တို့တွေ ရင်ဆိုင်လာကြရမယ်လို့ ယုံကြည် ထားပါတယ်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် မလွဲမသွေ လာမယ့်ဘေးကို […]

စတေးအက်ဟုမ်းရဲ့နောက်ကွယ်

diz_admin

September 17, 2020

ကိုဗစ်-၁၉ ယာဉ်ဟာ မြန်မာနိုင်ငံမှာ အခုချိန်မှာ အရှိန်ကောင်းကောင်းနဲ့ မောင်းနှင်နေတယ်။ ရခိုင်ပြည်နယ်မှာတော့ အရှိန်နည်းနည်းတန့်နေတယ်။ ဒါပေမဲ့ လူဦးရေ ခုနစ်သန်းလောက်နေထိုင်တဲ့ ရန်ကုန်လိုမြို့ကြီးမှာ အရှိန်ကထိန်း မရဖြစ်နေသေးချိန်မို့ စိုးရိမ်စရာတော့ အတော်ကောင်းသား။ နောက်ပြီးတော့ ရန်ကုန်ဆိုတာ စီးပွားရေးမြို့တော်။ ကျန်းမာရေးအတွက်ဆိုလည်း ရန်ကုန်ကိုပဲ အားကိုးနေရဆဲ။ ဆိုတော့ သူဟာ မြန်မာနိုင်ငံရဲ့ အချက်အချာ အသည်းနှလုံး နေရာတစ်ခု။ ရန်ကုန်မှာ မထိန်းနိုင်သေးသမျှ တစ်နိုင်ငံလုံး စိတ်အေးလို့မရ။ ဆိုတော့ နေ့စဉ်နဲ့အမျှ ရန်ကုန်အခြေ အနေကိုပဲ မျက်ခြည်မပြတ် စောင့်ကြည့် နေရတယ်။ အခုချိန်ထိတော့ ရန်ကုန်ဟာ အားကောင်းမောင်းသန်နဲ့ ကူးလို့စက် လို့ကောင်းနေတုန်း။ ကိုယ့်ဒေသမှာ Stay at Home (အိမ်မှာပဲနေခြင်း) နေစရာမလိုသေးပေမဲ့ တတ်နိုင်သလောက် အိမ်ထဲမှာနေဖြစ် တယ်။ အပြင်ကို ထွက်ဖြစ်ရင်လည်း […]

ကြည်ညိုစွာ လေးလံမှု

diz_admin

September 13, 2020

တစ်နေ့က ရုံးတွင် လုပ်ဖော်ကိုင်ဘက် တစ်ယောက်သည် ဘုရားပုံတော် တစ်ခုအားထားစရာ နေရာရှာမတွေ့သဖြင့် အခက်ပွေနေသည်။ နံရံများပေါ်တွင် ယခင်ရှိပြီးသား ပုံများ၊ ပြက္ခဒိန်များ ရှိနေခဲ့ပြီးပြီ။ ကွန်ကရစ်နံရံများဖြစ်သောကြောင့်လည်း ပုံတစ်ခုခုကို ချိတ်ကပ်ရန်မှာ ချက်ခြင်း လွယ်ကူလှသည်လည်း မဟုတ်။ ထို့ကြောင့် တစ်နေရာရာတွင် သိမ်းထားဖို့ စီမံရသည်။ “ဘုရားပုံတော်တွေ လက်ဆောင်ရရင် ဒီလိုပဲ စိတ်ညစ်ရတယ်” စာအုပ်စင်ပေါ်တွင် ထားရမည်လော၊ စားပွဲအံဆွဲထဲသို့ ထိုးထည့်ထားရ မည်လော စသဖြင့် ဝေခွဲမရနိုင်ဖြစ်နေသည်။ သူ့အဖြစ်ကို ထိုင်ကြည့်နေရင်း မိမိ၏ အပြုအမူများအပေါ်တွင် အလေးအနက်ထားတတ်သောသူတို့၏ ဒုက္ခ တစ်မျိုးပေပဲဟု ကျွန်တော်က တွေးကြည့်နေမိသည်။ အဲသည်လိုမျိုးကို ကျွန်တော် ကိုယ်တိုင်လည်း မကြာခဏကြုံခဲ့ရဖူးသောကြောင့် ဒုက္ခ၏ သဘောကို နားလည် မိနေခဲ့သည်။ အချို့သောသူတို့လည်း ထိုသို့ပင် ဖြစ်ကြလိမ့်မည်ဟုလည်း ထင်မိပါသည်။ […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

September 12, 2020

အမွေဆိုးများရဲ့ဒဏ် ကမ္ဘာကြီးအတွက် ကြမ္မာဆိုးတစ်ခုကို စစ် အာဏာရှင်စနစ် က ယူဆောင်လာပေးခဲ့တယ်။ သူ့ ရဲ့ဆိုးမွေကလည်း ယခုထိ ဆက်ရှိပြီး ဆိုးကျိုးတွေ ဆက်ဖြစ်နေစေတုန်းပဲ။စစ်အာဏာရှင်စနစ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ ဥပဒေရဲ့ အထက်မှာနေတယ်။ သူတို့ကို အရေးယူလို့ မရဘူး။ သူတို့တင်မကဘူး။ သူတို့ရဲ့အပေါင်းပါစီးပွားရေးသမားတွေကိုလည်း အရေးယူလို့ မရဘူး။ နိုင်ငံရေးအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ စီးပွားရေးအတွက် ကိုယ်ကျိုးစီးပွား အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေဆီကို အလွယ်တကူ ရောက်လာတယ်။ အကျိုးစီးပွား အတွက် ဌာနေပြည်သူတွေကို မောင်းထုတ်မယ်။ တောတောင်မြေယာတွေကိုသိမ်းပိုက်မယ်။ စစ်အာဏာ ရှင်တွေနဲ့ သူ့အပေါင်းအပါတွေဟာ သဘာဝတောတွေကို မီးရှို့ပြီး စိုက်ခင်းတွေအဖြစ် အသွင်ပြောင်းတယ်။ နိုင်ငံရေးစနစ်တွေပြောင်းပြီး အစိုးရအသစ်တွေရောက်လာပေမဲ့ စစ်ဗိုလ်တွေနဲ့ သူတို့ရဲ့ အဆက်အနွှယ်တွေဟာ လွတ်ငြိမ်းခွင့်ရနေတုန်း၊ အာဏာပါဝါ ရှိနေတုန်း၊ အနိုင်ကျင့်လို့၊ ဗိုလ်ကျလို့ […]

လူငယ်လေးများအတွက် အတွေး

diz_admin

September 10, 2020

ကုလသမဂ္ဂအဖွဲ့ချုပ်ကတော့ အသက် ၁၅-၂၄နှစ် အရွယ်ကို လူငယ်လို့ သတ်မှတ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အသက် ၁၅-၂၄ နှစ်အရွယ် လူငယ်ပေါင်း ၁ ဒသမ ဝ၃ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာ့လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ လူငယ်အရေအတွက်ဟာ ၁ ဒသမ ၂ ဘီလီယံရှိလာပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၃၀ ပြည့်နှစ် လောက်ဆိုရင်တော့ ကမ္ဘာ့လူငယ် ဦးရေဟာ ၁ ဒသမ ၃ ဘီလီယံနီးပါး ရှိလာမယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အသက် ၁၀-၂၄နှစ်အထိ လူငယ်လူရွယ်ပေါင်းဟာ နိုင်ငံ့လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းလောက် ရှိတယ်လို့ စစ်တမ်းတစ်ခုမှာ […]

အပြင်မှ အတွင်းသို့

diz_admin

August 24, 2020

အဓိက ပြောလိုတဲ့အကြောင်းအရာ တွေဆီကို မသွားခင် ကြားဖူးတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပုံပြင်လေးတစ်ပုဒ် နဲ့ စတင်ချင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေ ဆွေးနွေးကြတယ် ဆိုပဲ။ ငြိမ်းချမ်းရေးဟာ တိုင်းပြည်မှာ အရေးအကြီးဆုံး၊ ငြိမ်းချမ်းမှ သာယာ ဝပြော၊ ဖွံ့ဖြိုးတိုးတက်မယ်။ ဆိုတော့ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ထိုး ကြဖို့ လိုတယ်။ ဒီလိုနဲ့ ဆွေးနွေးလိုက်ကြတာ လက်မှတ်ထိုးဖို့ဆိုရင် ဘယ်အချက်တွေ တော့ ဖြုတ်ပေး၊ ထည့်ပေး၊ အစိုးရဘက် က ဘာတွေတော့ ဖြည့်ဆည်းပေး၊ စသဖြင့် နဲ့ ငြင်းကြခုံကြရောတဲ့။ ငြင်းရင်းခုံရင်းနဲ့ တောင်းဆိုမှုတွေ ပါလာပြီ။ အဲဒါတွေ အပေါ်မှာ ထပ်ပြီး ငြင်းကြခုံကြ။ နောက် ဆုံးကျတော့ သူတို့ရဲ့နှုတ်ထွက်စကား တွေဟာ တိုင်းပြည်ဆိုတာမေ့ပြီး အဖွဲ့ အစည်းအကျိုး၊ […]

နှစ်အချိုး ရှစ်

diz_admin

August 24, 2020

တက္ကသိုလ်ဝင်တန်းအောင်စာရင်း တွေ ထုတ်ပြန်ပေးခဲ့ပြီးပါပြီ။ ကိုဗစ် ကျေးဇူးကြောင့် အွန်လိုင်းကနေ ကြည့်ခွင့် ရခဲ့တယ်။ နှစ်တိုင်းလို စုပြုံတိုးပြီး ကြည့် စရာမလိုတော့ အတော်လေးကို အဆင် ပြေခဲ့တယ်။ ကိုဗစ်ကြောင့် ပြောင်းလဲလာ တဲ့ အကောင်းတွေထဲက တစ်ခု။ ဆက်လက် ထိန်းသိမ်းနိုင်ပါစေ။ အောင်ချက်ရာခိုင်နှုန်းကတော့ အစဉ်အလာမပျက် တစ်အချိုးနှစ်ပါပဲ ခင်ဗျ။ ကျောင်းသားဦးရေ ကိုးသိန်းကျော် ဖြေဆိုခဲ့တဲ့ အထဲမှာ သုံးသိန်းဝန်းကျင် အောင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် ၃၂ ရာခိုင်နှုန်း ဝန်းကျင်။ ခြောက်သိန်းကျော် ကျခဲ့တယ်။ အဲဒီ ခြောက်သိန်းကျော်ထဲက ကျောင်းသားဦးရေ ဘယ်လောက် စာသင်ခန်းထဲ ပြန်ရောက်ကြမလဲမသိ။ ကိုဗစ်ရဲ့ရိုက်ခတ်မှုက မိဘတွေရဲ့စီးပွား ရေးကို အများကြီးထိခိုက်စေတယ်။ ဆိုတော့ မိဘတွေ ကျောင်းထားဖို့ ရုန်းရ ပေလိမ့်မယ်။ တချို့ကလည်း စာမေးပွဲ […]

ဒီရေတောထဲက တိုက်ပွဲ

diz_admin

August 11, 2020

မြန်မာက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁၄ ရက်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂ ရက်နေ့။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နိဗ္ဗာန်ရွာ၊ ဒီရေတော လတာပြင်။ ဒီရေတောအတွင်း ပေါက်ဖွားရှင်သန် မှီတင်းနေထိုင်ကြကုန်သော ကဏန်း၊ ခရု၊ ရှပ်၊ ဝပ်နား၊ သဲပလုပ်၊ ဂျင်းကောင်၊ ဥ၊ ပတ်ကလိ၊ ပုအဲ၊ ခက်ရင်း၊ သင်္ဘောထွင်း၊ ပုစွန်၊ ဗျစ်ရှူး အစရှိသည့် ကွဲပြား စုံလင်လှစွာသော ရေသတ္တဝါအပေါင်းတို့ စုပေါင်းပြုလုပ်သည့် ဒီရေတောအတွင်းမှ “ရှင်သန်ခြင်းအတွက်တိုက်ပွဲ” ညီလာခံ။ ပင်လယ်ရေချို ရေငန်စပ်ချောင်း မြောင်းများတွင် ပေါက်ရောက်ရှင်သန်သည့် အမျိုးအစားစုံလင်လှစွာသော ဒီရေတောများအတွင်း ပေါက်ဖွားရှင်သန်ကုန်သော ရေသတ္တဝါအမျိုးမျိုးတို့မှာ ၎င်းတို့၏ မှီတင်းနေထိုင်ရှင်သန်ရာ ဒီရေတောများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလာပြီး […]