ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

မေးပါများရင် ကောင်းသလား

diz_admin

October 31, 2020

ကျွန်တော်တို့ရဲ့ငယ်ဘဝတွေဟာ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ် လမ်းတွေနဲ့ပွေ့ဖက် ကြီးပြင်းခဲ့ရတာပါ။ ကျေးလက်မှာကြီးပြင်းခဲ့ရသူပီပီ စာအုပ် စာပေတွေနဲ့လည်း အလှမ်းဝေးတော့ လူကြီးသူမတွေ ပြောပြကြတဲ့ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေကိုသာ စိတ်ဝင်တစားနားထောင်ခဲ့ရတယ်။ အဲဒီထဲမှာ မောင်ပေါက်ကျိုင်းရာဇဝင်ဟာလည်း တစ်ပုဒ်အပါအဝင်ပေါ့။ နောက်ပိုင်း ဗီဒီယိုတွေပေါ်လာတော့ မောင်ပေါက် ကျိုင်းရာဇဝင်ကို ဗီဒီယိုအဖြစ် ကြည့် ရှုခွင့်ရခဲ့ပြန်ပါတယ်။ မောင်ပေါက်ကျိုင်းရာဇဝင်ထဲက “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်” ဆိုတဲ့ စကားကြီးသုံးခွန်းဟာ ပေါ်ပြူလာအဖြစ်ဆုံးဖြစ်မှာပါ။ အဲဒီစကားသုံးခွန်းက မောင်ပေါက်ကျိုင်းအတွက်တော့ အသုံးတည့်ခဲ့တယ်။ ဒါပေမဲ့ အခုလက်တွေ့ ကျကျ စဉ်းစားကြည့်ရင်တော့ အထွန့်တက်စရာလေးတွေ ပေါ်လာတယ်။ ကျွန်တော့်ကို အတွေးလွန်တယ်ပဲ ပြောပြော၊ ကန့်လန့်တိုက်တယ်ပဲ ပြောပြော လက်ခံရမှာပါပဲ။ ကျွန်တော် အတွေးနယ်ချဲ့နေမိတယ်။ အဲဒီ စကားကြီးသုံးခွန်းထဲက […]

ကိုယ့်သမိုင်းကိုယ်ရေးပါ

diz_admin

October 25, 2020

“ဆင်ဆာဆိုတဲ့ ဓားဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုတဲ့နှလုံးသားထဲကို နက်ရှိုင်းစွာ ထိုးစိုက်ထားပြီ” လို့ Earl Warren ကဆိုခဲ့တယ်။ ဒီခေတ်လူငယ်တွေ လွတ်လပ်စွာ ရေးနိုင်၊ တွေးနိုင်ကြတော့ သူတို့ ဘာကြောင့် လွတ်လပ်စွာ ရေးနိုင်၊ တွေးနိုင် တာလဲဆိုတာ သိကြတော့မယ်မထင်ဘူး။ ဒါကြောင့် ဆင်ဆာ (Censor) ဆိုတာလည်း နားလည်ကြမယ် မထင်တော့ဘူး။ ဘာကြောင့်လဲ။ စာပေကင်ပေတိုင်ခေတ်ဆိုတာ သူတို့ မမီခဲ့၊ မသိခဲ့ကြလို့ဖြစ်မယ်။ “စာပေ ကင်ပေတိုင်” ဆိုတဲ့စကားလုံးကို ကိုမြတ်ခိုင်ကစသုံးတယ်ထင်တာပဲ။ သိပ်ထိတာ ပဲ။ မှားရင်ပြင်ပေးကြဦး။ တစ်ချိန်က စာပေကို လွတ်လပ်စွာ ရေးသားခွင့် မရှိခဲ့ဖူးဆိုတာ ၆၀ တန်း တွေလောက်ပဲ သိကြတော့မယ် ထင်မိပါတယ်။ မြန်မာနောင်း ကိုဆွေဝင်းတို့လို့ ပြည်သူတွေကို တာဝန်ကျေစွာချပြတဲ့ စာတွေ တစ်ခေတ်က […]

ဉာဏ်ပညာအားဖြင့် ရုန်းထွက်ကြပါစို့

diz_admin

October 24, 2020

တချို့အကြောင်းအရာတွေဟာ စိတ်နှလုံးထဲကို ဝင်ရောက်နေရာယူလိုက် ပြီးရင် အချိန်အတန်ကြာသည့်တိုင် မေ့ပျောက်လို့မရဘဲ ထပ်ဆင့်အတွေး တွေနဲ့ တဝဲလည်လည် ဖြစ်နေတတ်တာ မျိုးတွေကို ကျွန်မဘဝမှာ ခဏခဏ ကြုံရပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတာတွေနဲ့ တိုက်ဆိုင်တူညီတဲ့ အကြောင်းအရာတွေဆိုရင် တော်ရုံမေ့ပျောက်လို့ မရဘဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ရှာချင်စိတ်နဲ့ ဘယ်လိုမျိုး လုပ်မှ ကောင်းမွန်တဲ့အဖြေမျိုး ရမှာပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ လုံးချာလည်လိုက်လေ့ ရှိပါတယ်။ အခုလည်း ကျွန်မဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်ကို အကြောင်းပြုပြီး တဝဲလည်လည်အတွေးတွေက ကျွန်မကို နှိပ်စက်ကလူ ပြုနေပြန်ပါပြီ။ ဒီစာအုပ်ကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဖတ်ထားခဲ့ပေမဲ့ အခုအချိန်အထိ စိတ်ထဲမှာ မကျေလည်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အဖြေရှာမရမှုတွေနဲ့ အဲဒီဇာတ် လမ်းအကြောင်းကို ထပ်ခါတလဲလဲ တွေးနေမိတယ်။ စာအုပ်ရဲ့နာမည်က […]

ကောက်ချက်ချတာ မစောစေချင်ပါ

diz_admin

October 23, 2020

မြန်နှုန်းခေတ်(Speed Age)ကို ရောက်နေလို့ထင်ပါတယ်။ လူတိုင်းဟာ အလျင်လိုနေကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့စာ ရှည်ရင်မဖတ်ချင်တော့ဘူး။ ကျွန်တော်အပါအဝင်ပေါ့။ ဆွဲဆောင်မှု ရှိပြီး၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်း အရာမျိုးဆိုရင်တော့ ဘယ်လောက်ရှည် ရှည် အဆုံးထိဖတ်ပါတယ်။ Phone screen တို့ Computer screen တို့က ထွက်တဲ့ အလင်းကြောင့်လည်း မျက်စိက ကြာကြာမခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဖုန်းမှာက စာလုံးသေးတော့ မျက်စိက အားယူဖတ်နေရတာကြောင့် စာရှည်ရင် မဖတ်နိုင်ကြတော့ဘူး။ အချိန်မပေးနိုင်တာကလည်း ရှည်တဲ့စာတွေကို မဖတ်ချင်တဲ့အချက်တွေ ထဲက တစ်ချက်ဖြစ်ချင်ဖြစ်နေမှာပါ။ အခုခေတ်လူငယ်တွေက ကွေ့ဝိုက်တာတွေကို မကြိုက်ဘူး။ ရှင်းလင်းပြတ်သားပြီး တဲ့တိုးပြောတာကို ပိုကြိုက်ကြတယ်။ ဒါကြောင့်ပဲ Classical သီချင်းတွေထက် Rap သီချင်းတွေကို အရူးအမူးစွဲလမ်း ကြတာဖြစ်မှာပါ။ ရည်းစားထားတာတောင် အချိန်အကြာကြီး ပေးပြီးတော့ […]

ပေါ့ပေါ့ပါးပါး ကိုဗစ် အတွေးများ

diz_admin

October 22, 2020

၂၀၂၀ နှစ်စကတည်းက စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကျွန်တော်တို့တစ်တွေလည်း အတော့်ကို အိုစာသွားခဲ့ရသလို စားလည်းသည် စိတ်၊ အိပ်လည်း သည်စိတ် ရယ်လို့ ဆိုရလောက်မယ့်အထိ ကိုရိုနာတစ်ဖြစ် လည်း ကိုဗစ်-၁၉( ကိုမြင့်နိုင်ကြီး) က လူမှုဘဝကို လွှမ်းမိုးခဲ့ပေတယ်။ တစ်နေ့က ကိုဗစ်ကာလအတွင်း သည်းညဉ်းခံခြင်း (Tolerance Workshop) လို့ အမည်ရတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးမှာ ဂျာနယ်လစ် ဆရာကြီးများနဲ့ ဆုံခွင့် ရခဲ့ပြီး ကိုဗစ်ကာလ အမြဲ မွန်းကျပ်နေတဲ့ စာဖတ်ပရိသတ်တွေရဲ့ ရင်ကို မပူ မလောင်စေဘဲ ကိုဗစ်ကပ်ဘေးကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ ရင်အေး ဆေးလေးများ တိုက်ကျွေးဖို့ရာ အတွေးတွေရခဲ့ပါတယ်။ ပူပင်စရာတွေကို အမြဲ တွေးပြီး လောင်မြိုက်နေကြရတဲ့ လူတိုင်းရဲ့ ရင်ကို အေးမြစေဖို့ အတွေးလေးတွေ […]

ကိုယ့်ကိုကိုယ် ဦးဆောင်မှုက ပေးသည့် အကျိုးကျေးဇူး

diz_admin

October 18, 2020

ကိုယ့်ကိုကိုယ် ဦးဆောင်မှုအကြောင်း ဆွေးနွေးရေးသားမှုတွေကို တနင်္သာရီ ဂျာနယ်ကနေတစ်ဆင့် မကြာခဏဆိုသလို လုပ်ခဲ့ပါတယ်။ ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင် လူအများစုဟာ ကိုယ့်အတွင်းစည်း ကိုယ်နိုင်အောင် ကြိုးစားဖို့ မေ့နေပြီး အခြားသူတွေကို ဦးဆောင်ဖို့သာ စိတ်အလေးကဲလေ့ရှိကြတော့ ဒီခေါင်းစဉ်ဟာ သိပ်ပြီး မျက်နှာပန်းမလှသလို အရေးကြီးတယ်လို့လည်း မြင်သူ နည်းပါတယ်။ ဒါပေမဲ့ တကယ်လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် အလျင်းသင့်သလို ဆွေးနွေးဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ့်ကိုကိုယ် ဦးဆောင်တဲ့အခါ အလေးထား ဂရုပြုရမယ့် အချက်တွေဖြစ်တဲ့ တန်ဖိုးထားမှု၊ စိတ်နေသဘောထား၊ သက်ဝင်ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ်သိမှု စတာတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဦးစီးဦးရွက်ပြု ခြင်းအတွက် အရေးကြီးတဲ့ အကြည် ဓာတ်အကြောင်းလည်း ဆွေးနွေးဖူးပါတယ်။ လူတစ်ဦးချင်းစီရဲ့ စက္ကန့်တိုင်းမှာ အကြည်ဓာတ် ဘယ်နှကျပ်သား ပါသလဲဆိုတာဟာ အဲဒီတစ်ဦးချင်းစီက စက္ကန့်တိုင်းမှာ ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်မှု […]

ရွှေပြည်တော် မျှော်တလင့်လင့်

diz_admin

October 18, 2020

မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်လဲ။ ဒီလို နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အဝေးကြီးကို မျှော်ငေးမိတော့ အကြောင်းအရာတွေက ခေါင်းထဲရှုပ်ထွေး ပွေလီပြီး ရောက်ရှိလာတယ်။ ယိုပေါက်များလှတဲ့ လှေတစ်စီးလို ဘယ်အပေါက်ကို အရင်ပိတ်ရမလဲဆိုတဲ့ ခံစားချက်မျိုးနဲ့ပါ။ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် ကျွန်တော် တွေးမိထားတာတွေက အများကြီး။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကစလို့ အရာရာရဲ့ အားနည်းချက်ဒဏ်ကို မငြိမ်းမချမ်း ခံစားနေရတဲ့ လူငယ် တစ်ယောက်အနေနဲ့ ရင်ထဲမှာ ပြောချင်တဲ့ စကားတွေက တစ်ပုံတစ်ပင်ပဲ။ သမိုင်းတွင်မယ့် အနိဋ္ဌာရုံ မြင်ကွင်းတွေကလည်း မျက်စိထဲက မထွက်သေးတော့ ဘာလိုချင်လဲလို့ တိုတိုမေးရင် ငြိမ်းချမ်းရေးလို့ တိုတိုဖြေမိလိမ့်မယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ စကားသုံးလုံးတည်းပေမဲ့ သိပ်ကျယ်ပြန့်တယ်၊ သိပ်နက်ရှိုင်းတယ်၊ သိပ်သိမ်မွေ့တယ်ဆိုတာ […]

ဘာသာစကားများ၏ အနာဂတ်

diz_admin

October 17, 2020

The Voice Myanmar သီချင်းဆို ပြိုင်ပွဲကို YouTube ကတစ်ဆင့် ကြည့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်နေကြတဲ့ သီချင်းဆိုပြိုင်ပွဲတွေက တစ်ခုပါ။ တခြားပြိုင်ပွဲတွေနဲ့မတူဘဲ သူ့စတိုင်နဲ့ သူအဆင့်တန်းတစ်ခုတော့ ရှိနေတာ တွေ့ရတယ်။ အဲဒီပြိုင်ပွဲဝင်တွေထဲက ကလေးမလေးတစ်ယောက်က ဗမာစကား သိပ်မပြောတတ်လို့ အင်္ဂလိပ်သီချင်းနဲ့ ပြိုင်တာပါလို့ ဆိုလာပါတယ်။ နောက်ပိုင်း သူ့အင်တာဗျူးတွေမှာ ကြည့်ရသလောက်တော့ ဗမာစကားကို ကောင်းကောင်းမွန်မွန်ပြောနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့သော နက်နဲတဲ့ စကားလုံးတွေကို နားမလည်ဟန်ရှိ ပါတယ်။ အဲဒီအခက်အခဲကတော့ ခေတ်လူငယ်တော်တော်များများမှာ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဗမာစကား မပြောတတ်တာ၊ မြန်မာစာ မရေးတတ်တာ၊ မဖတ်တတ်တာဟာ ဂုဏ်ယူစရာ ဖက်ရှင်တစ်ခုဖြစ်နေပြီလား စိုးရိမ်မိပါတယ်။ မြို့ပြမှာ နေထိုင်ကြတဲ့ လူကုံထံ ကြေးရတတ်အသိုင်းအဝိုင်းတွေက သူတို့ရဲ့သားသမီးတွေကို နိုင်ငံတကာကျောင်းတွေမှာ ထားကြပါတယ်။ […]