မေးပါများရင် ကောင်းသလား
diz_admin
October 31, 2020ကျွန်တော်တို့ရဲ့ငယ်ဘဝတွေဟာ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ် လမ်းတွေနဲ့ပွေ့ဖက် ကြီးပြင်းခဲ့ရတာပါ။ ကျေးလက်မှာကြီးပြင်းခဲ့ရသူပီပီ စာအုပ် စာပေတွေနဲ့လည်း အလှမ်းဝေးတော့ လူကြီးသူမတွေ ပြောပြကြတဲ့ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေကိုသာ စိတ်ဝင်တစားနားထောင်ခဲ့ရတယ်။ အဲဒီထဲမှာ မောင်ပေါက်ကျိုင်းရာဇဝင်ဟာလည်း တစ်ပုဒ်အပါအဝင်ပေါ့။ နောက်ပိုင်း ဗီဒီယိုတွေပေါ်လာတော့ မောင်ပေါက် ကျိုင်းရာဇဝင်ကို ဗီဒီယိုအဖြစ် ကြည့် ရှုခွင့်ရခဲ့ပြန်ပါတယ်။ မောင်ပေါက်ကျိုင်းရာဇဝင်ထဲက “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်” ဆိုတဲ့ စကားကြီးသုံးခွန်းဟာ ပေါ်ပြူလာအဖြစ်ဆုံးဖြစ်မှာပါ။ အဲဒီစကားသုံးခွန်းက မောင်ပေါက်ကျိုင်းအတွက်တော့ အသုံးတည့်ခဲ့တယ်။ ဒါပေမဲ့ အခုလက်တွေ့ ကျကျ စဉ်းစားကြည့်ရင်တော့ အထွန့်တက်စရာလေးတွေ ပေါ်လာတယ်။ ကျွန်တော့်ကို အတွေးလွန်တယ်ပဲ ပြောပြော၊ ကန့်လန့်တိုက်တယ်ပဲ ပြောပြော လက်ခံရမှာပါပဲ။ ကျွန်တော် အတွေးနယ်ချဲ့နေမိတယ်။ အဲဒီ စကားကြီးသုံးခွန်းထဲက […]


