ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

ဝက်ဝံနှစ်ကောင် တိုက်ခိုက်ကြသည့်အခါ

Dawei Watch

December 16, 2023

အက်စကီးမိုးတို့၏ ပုံပြင်တစ်ပုဒ်ဟု သိရပါသည်။ ကလေးတစ်ယောက်သည် အိပ်မက်မက်၏။ အိပ်မက်ထဲ၌ ဝက်ဝံအမည်းကြီးတစ်ကောင်နှင့် ဝက်ဝံအဖြူကြီးတစ်ကောင်တို့ တိုက်ခိုက်ကြသည်တဲ့။ ဝက်ဝံအမည်းက အမုန်းကို ကိုယ်စားပြုပြီး အဖြူက မေတ္တာကို ကိုယ်စားပြုသည်ဟု ဆိုသည်။ နိုးလာ‌သည့်အခါ အဘိုးဖြစ်သူကို အိပ်မက်အကြောင်း ကလေးက ပြောပြ၏။ ပြီးလျှင် မေးခွန်းတစ်ခု မေးသည်။ အမုန်းနှင့် မေတ္တာ မည်သည့်ဘက်က အနိုင်ရပါမည်နည်းဟူ၍။ ထိုကလေးကဲ့သို့ပင် ကျနော်တို့ကိုယ်တိုင်တွင်လည်း မေးခွန်းများ မကြာခဏ ပေါ်ပေါက်နေတတ်ကြရပါသည်။ လောကနှင့်သက်ဆိုင်သော မေးခွန်းများမှာ သင်္ချာပုစ္ဆာတို့ကဲ့သို ယတိပြတ်အဖြေများ ရရှိရန်လည်း မလွယ်လှပါ။ မြန်မာနိုင်ငံ၏ ပဋိပက္ခကို သတ္တုချ၍ ဘက်နှစ်ဖက်တည်းအဖြစ် အကြမ်းဖျင်းခွဲခြားကြည့်သည့်အခါ အာဏာရှင်နှင့် အာဏာရှင်တော်လှန်ရေးဟူသည့် ဘက်နှစ်ဖက်ကို တွေ့ရပါသည်။ နောက်တစ်မျိုး တွေးကြည့်လျှင်လည်း လွတ်လပ်လိုမှုနှင့် ဖိနှိပ်ချုပ်ကိုင်လိုမှု၊ ကြီးစိုးအနိုင်ကျင့်လိုမှုနှင့် တန်းတူညီမျှရလိုမှု စသဖြင့် […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၃) ❞

Dawei Watch

October 31, 2023

ကိုယ်တို့မျက်စိရှေ့မှာပဲ ကိုယ်တို့ကိုင်တွယ်အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေကို ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ရပ်စဲခံလိုက်ရပါတယ်။ ငွေစက္ကူ တချို့ဆိုရင် ထုတ်ဝေထားတာ သိပ်မကြာသေးပါ။ မှတ်မိသမျှ ၇၅ိ/- တန်ကို ထုတ်ဝေထားတာ နှစ်နှစ်ကျော်ကျော်နဲ့ ၃၅ိ/- တန်က တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒီကာလတွေမှာ ပြည်သူလူထုရဲ့ မကျေမနပ်ဖြစ်စရာ ပေါက်ကွဲချင်စရာ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ပေါ်‌ပေါက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒုတိယအကြိမ် ငွေစက္ကူတွေ ရပ်စဲခံရပြီး သိပ်မကြာခင် ၁၉၈၇ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘ့ာကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျဆုံးစာရင်းမှာ ထည့်သွင်းလိုက်ပြန်ပါတယ်။ တနည်းပြောရရင် ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လူမွဲတွေအဖြစ် ကမ္ဘာသိအောင် ကြေညာခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါတွေကို လက်မခံနိုင်တဲ့ တက္ကသိုလ်အချို့က […]

စစ်တို့၏ တရားခြင်း

Dawei Watch

October 29, 2023

ပဋိပက္ခကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းကာလ တရားမျှတမှု(Trans Justice) ဖော်ဆောင်ကြတဲ့အခါ အပြစ်ပေးအရေးယူပိုင်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေရင် ထပ်ခါထပ်ခါကျူးလွန်ဖို့အတွက် တံခါးဖွင့်ထားသလိုဖြစ်နေမှာပဲ။ သို့သော် တရားမျှတမှုအတွက် အပြစ်ပေးအရေးယူတာနဲ့ လက်စားခြေနှိပ်စက်သတ်ဖြတ်တာကို ကွဲကွဲပြားပြား သဘောပေါက်လက်ခံတတ်ဖို့တော့ အရေးကြီးပါတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာနဲ့ လက်စားချေ သုတ်သင်ရှင်းလင်းတာဟာ အသွင်သဏ္ဍာန်အရရော အနှစ်သာရအရပါ ခြားနားပါတယ်။ တော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ လက်စားချေ တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ တော်လှန်ရေးရဲ့ အတွေးအခေါ်နဲ့ ရည်ရွယ်ချက်တွေအားလုံးဟာ လူထုလိုချင်တဲ့ လွတ်လပ်မှု တန်းတူညီမျှမှုူ တရားမျှတမှုတွေအပေါ်မှာ အခြေခံတည်ဆောက်ရတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတယ်ဆိုတာလည်း မျှတမှုရှိတဲ့ တရားဥပဒေဘောင်အတွင်းကပဲ အပြစ်ပေးအရေးယူခွင့်ရှိတာပါ။ တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေအနေနဲ့ အပြစ်ဒဏ်ခံယူမှုမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားမျိုးရှိသလို တချို့နိုင်ငံတွေရဲ့ ပြည်တွင်းစစ်တွေမှာ အာဏာရှင်တွေနဲ့ အတိုက်အခံအင်အားစုတွေ […]

တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့

Dawei Watch

October 19, 2023

အသိဉာဏ်ပညာသည်သာလျှင် ဦးဆောင်မှုကောင်းကို ပေးနိုင်သလို ရလဒ်ကောင်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကျူးဘားတော်လှန်ရေးသမား ဒေါက်တာချေဂွေဗားရားကပြောတယ် ‘The first duty of a revolutionary is to be educated’ တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့လိုတယ်တဲ့။ ဒါက တော်လှန်ကာလအတွင်းမှာ တော်တော်လေးလွှမ်းမိုးမှုရှိတဲ့ အဆိုအမိန့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ ပညာတတ်ဖို့ဆိုတာ ဘယ်လိုပညာမျိုးကို လိုဆိုတာလည်း မေးစရာရှိတယ်။ Education လို့ခေါ်တဲ့ စနစ်တကျ သင်ကြားသင်ယူမှုကို စနစ်တကျခံယူရာကနေတက်မြောက်လာတဲ့ အသိပညာအတတ်ပညာကိုပြောတာလား၊ ဒါမှမဟုတ် Knowledge လို့ခေါ်တဲ့ အသိဉာဏ်ပညာကို ပြောတာလား။ ပညာရေး နဲ့ အသိဉာဏ်ပညာဆိုတာ သီးသီးသန့်သန့်စီ ကွဲကွဲပြားပြားရှိနေတာမျိုးတော့ မဟုတ်ဘူး။ အသိဉာဏ်ပညာဆိုတဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိနေတာပါ။ တော်လှန်ရေးဂုဏ်သိက္ခာနဲ့ ကြီးမြတ်မှုကို စောင့်ထိန်းဖို့ဆိုရင် တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာကို […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၂) ❞

Dawei Watch

October 16, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဘဝဖြစ်ချိန်မှာ အပြင်စာတွေကို အတန်အသင့် ဖတ်တတ်နေခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကိုယ်ကျင်လည်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း အပြင်စာတွေ ဖတ်ဖြစ်အောင် တွန်းပို့ပေးသလို ဖြစ်နေခဲ့ပါတယ်။ မူလတန်းကျောင်းသား အရွယ်ကတည်းက ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိတဲ့ ကလေးစာပေတွေကို တွေ့သမျှဖတ်ပြီး စုနိုင်သမျှကိုလည်း စုထားဖို့ ဝါသနာပါခဲ့ပါတယ်။ မှတ်မှတ်ရရ ကိုယ်တို့ရွာကနေ အလယ်တန်းကျောင်းကို သွားတဲ့လမ်းမှာ မျှားနတ်မောင် စာပေဆိုတဲ့ စာအုပ်အငှားဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ စာအုပ်ဆိုင်ပိုင်ရှင် အစ်ကိုကြီးဟာ အသက်(၄၀) လောက်ရှိပြီး အသားဖြူဖြူ အရပ်ပုပုနဲ့ အင်မတန် သဘောကောင်းပါတယ်။ သူကိုကြည့်လိုက်တိုင်း သန့်သန့်ပျံ့ပျံ့ရှိပြီး အမြဲပြုံးနေတတ်ပါတယ်။ သူ့ခေတ်သူ့အခါအရ စာအုပ်အငှားဆိုင်ဟာ စီးပွားဖြစ်တဲ့ လုပ်ငန်းတစ်ခုပါ။ အခုခေတ်လို နည်းပညာတွေ မထွန်းကားသေးတော့ ဗဟုသုတရှာမှီးစရာ အပန်းဖြေစရာတွေက ရွေးချယ်စရာ သိပ်မရှိဘူးလေ။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၁) ❞

Dawei Watch

October 9, 2023

မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက် (၃.၁၁.၁၉၈၅)ရက်နေ့ နေ့လယ်တစ်နာရီမှာ ကျပ်တစ်ရာတန်(၁၀ဝိ/-) ကျပ်ငါးဆယ်တန်(၅ဝိ/-) ကျပ်နှစ်ဆယ်တန် (၂ဝိ/-) စတဲ့ ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်ကြောင်း မြန်မာ့အသံရေဒီယိုက ကြေညာခဲ့ပါတယ်။ လူကြီးတွေပြောစကားအရ ကျပ်တစ်ရာတန်(၁၀ဝိ/-)နဲ့ ကျပ်ငါးဆယ်တန်(၅ဝိ/-)ကို အရင်ကလည်း ဒီလိုပဲ တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခဲ့ဘူးတယ်လို့ သိရပါတယ်။ တော်လှန်ကောင်စီအစိုးရခေတ်ကလို့ ပြောကြပါတယ်။ တနည်းပြောရရင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရခေတ်ဖြစ်ပါတယ်။ တရားမဝင် ဖြစ်သွားတဲ့ငွေတွေကို အစိုးရက တစ်ချို့တစ်ဝက် ပြန်လဲလှယ်ပေးတယ်လို့လည်း ပြောကြပါသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လဲလှယ်ပေးတယ်တော့ မသိရပါ။ ဒီရက်တွေအတွင်းမှာ ကုန်ဈေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားပါတယ်။ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်တစ်ပြည်ကို တစ်ကျပ်ကနေ နှစ်ကျပ်ခွဲ၊ ငါးခြောက် တစ်ပိသာကို နှစ်ကျပ် ကနေ ငါးကျပ်အထိ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၀) ❞

Dawei Watch

September 30, 2023

ကိုယ်တို့မြို့ကနေ မော်လမြိုင်မြို့ကို ကုန်းလမ်းက သွားမယ်ဆိုရင်တော့ တစ်ညအိပ် နှစ်ရက်ခရီး သွားရပြီး၊ ရန်ကုန်ကိုသွားမယ်ဆိုရင် နှစ်ညအိပ် သုံးရက်ခရီး သွားကြရပါတယ်။ ဒါက ပုံမှန်လမ်းခရီးကို ဆိုလိုတာပါ။ တကယ်လက်တွေ့ ခရီးသွားရတဲ့အခါ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ နေလိမ့်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ အများအားဖြင့် အဝေးပြေး ခရီးသည်တင်ကားတွေက အိုဟောင်းနေပြီး အခုခေတ်ကားတွေလို ထိုင်ခုံနေရာနဲ့ စနစ်တကျထိုင်ပြီး စီးရတာမျိုး မဟုတ်ပါဘူး။ ဦးရာလူတွေက သစ်သားခုံတန်းလျား ပေါ်မှာ ထိုင်စီးနိုင်ကြပေမဲ့ ကျန်တဲ့များစွာသော ခရီးသည်တွေက အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို တွယ်ကပ်စီးပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲသွားကြရပါတယ်။ ကားလမ်းက ကျဉ်းပြီး ဆိုးပါတယ်။ အချိန်မရွေး နေရာမရွေး ကားပျက်နိုင်ပြီး လစ်ရင်လစ်သလို ထွက်တိုက်တတ်တဲ့ ဓားပြလား သူပုန်လား အသေအချာမပြောနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ ရန်ကိုလည်း ကြောက်ကြရပါသေးတယ်။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း -(၉) ❞

Dawei Watch

September 24, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ ကိုယ်တို့ရွာတွေက ရေလုပ်သားတွေရဲ့ ငါးဖမ်းတဲ့ ပုံစံတွေ ပြောင်းလဲလာပါတယ်။ မူလက လှေငယ်လေးတွေနဲ့ ရွက်အားကိုး တက်အားကိုးပြီး ထမင်းဘူးကိုယ်စီယူကာ နေ့ချင်းပြန် ငါးဖမ်းတဲ့စနစ်ကနေ စက်လှေတွေနဲ့ တစ်လစာ ရိက္ခာဖြည့်ပြီး ရက်ရှည်ငါးဖမ်းထွက်တဲ့စနစ်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းလာခဲ့ပါတယ်။ တနည်းပြောရရင် ငါးအစိုကိုဖမ်းပြီး ကိုယ့်ဒေသမှာပဲ ရောင်းကြတဲ့စနစ်ကနေ ငါးခြောက်ကို ဈေးကွက်ရှိရာ တင်ပို့ရောင်းချတဲ့စနစ်ကို ပြောင်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီး စိုက်ထုတ်နိုင်မှု အခြေအနေအရ မိရိုးဖလာလုပ်ကိုင်ခဲ့ကြတဲ့ နေ့ချင်းပြန် ငါးဖမ်းတဲ့ လုပ်ငန်းလေးတွေ တစ်ချို့လည်း ဒီနေ့ဒီအချိန်အထိ ဆက်ရှိနေဆဲပါပဲ။ ငါးစိုကို တိုက်ရိုက်ရောင်းတဲ့ အချိန်တုန်းကတော့ ဒီနေ့စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေကြရတဲ့ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်တွေဆိုတာ အလကားတောင်းစားလို့ရတဲ့ အစားစားတွေ ပါ။ ကင်စား ဖုတ်စား […]