BREAKING
November 1, 2025

အတွေးအမြင်

စစ်တို့၏ တရားခြင်း

Dawei Watch

October 29, 2023

ပဋိပက္ခကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းကာလ တရားမျှတမှု(Trans Justice) ဖော်ဆောင်ကြတဲ့အခါ အပြစ်ပေးအရေးယူပိုင်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေရင် ထပ်ခါထပ်ခါကျူးလွန်ဖို့အတွက် တံခါးဖွင့်ထားသလိုဖြစ်နေမှာပဲ။ သို့သော် တရားမျှတမှုအတွက် အပြစ်ပေးအရေးယူတာနဲ့ လက်စားခြေနှိပ်စက်သတ်ဖြတ်တာကို ကွဲကွဲပြားပြား သဘောပေါက်လက်ခံတတ်ဖို့တော့ အရေးကြီးပါတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာနဲ့ လက်စားချေ သုတ်သင်ရှင်းလင်းတာဟာ အသွင်သဏ္ဍာန်အရရော အနှစ်သာရအရပါ ခြားနားပါတယ်။ တော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ လက်စားချေ တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ တော်လှန်ရေးရဲ့ အတွေးအခေါ်နဲ့ ရည်ရွယ်ချက်တွေအားလုံးဟာ လူထုလိုချင်တဲ့ လွတ်လပ်မှု တန်းတူညီမျှမှုူ တရားမျှတမှုတွေအပေါ်မှာ အခြေခံတည်ဆောက်ရတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတယ်ဆိုတာလည်း မျှတမှုရှိတဲ့ တရားဥပဒေဘောင်အတွင်းကပဲ အပြစ်ပေးအရေးယူခွင့်ရှိတာပါ။ တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေအနေနဲ့ အပြစ်ဒဏ်ခံယူမှုမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားမျိုးရှိသလို တချို့နိုင်ငံတွေရဲ့ ပြည်တွင်းစစ်တွေမှာ အာဏာရှင်တွေနဲ့ အတိုက်အခံအင်အားစုတွေ […]

တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့

Dawei Watch

October 19, 2023

အသိဉာဏ်ပညာသည်သာလျှင် ဦးဆောင်မှုကောင်းကို ပေးနိုင်သလို ရလဒ်ကောင်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကျူးဘားတော်လှန်ရေးသမား ဒေါက်တာချေဂွေဗားရားကပြောတယ် ‘The first duty of a revolutionary is to be educated’ တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့လိုတယ်တဲ့။ ဒါက တော်လှန်ကာလအတွင်းမှာ တော်တော်လေးလွှမ်းမိုးမှုရှိတဲ့ အဆိုအမိန့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ ပညာတတ်ဖို့ဆိုတာ ဘယ်လိုပညာမျိုးကို လိုဆိုတာလည်း မေးစရာရှိတယ်။ Education လို့ခေါ်တဲ့ စနစ်တကျ သင်ကြားသင်ယူမှုကို စနစ်တကျခံယူရာကနေတက်မြောက်လာတဲ့ အသိပညာအတတ်ပညာကိုပြောတာလား၊ ဒါမှမဟုတ် Knowledge လို့ခေါ်တဲ့ အသိဉာဏ်ပညာကို ပြောတာလား။ ပညာရေး နဲ့ အသိဉာဏ်ပညာဆိုတာ သီးသီးသန့်သန့်စီ ကွဲကွဲပြားပြားရှိနေတာမျိုးတော့ မဟုတ်ဘူး။ အသိဉာဏ်ပညာဆိုတဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိနေတာပါ။ တော်လှန်ရေးဂုဏ်သိက္ခာနဲ့ ကြီးမြတ်မှုကို စောင့်ထိန်းဖို့ဆိုရင် တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာကို […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၂) ❞

Dawei Watch

October 16, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဘဝဖြစ်ချိန်မှာ အပြင်စာတွေကို အတန်အသင့် ဖတ်တတ်နေခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကိုယ်ကျင်လည်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း အပြင်စာတွေ ဖတ်ဖြစ်အောင် တွန်းပို့ပေးသလို ဖြစ်နေခဲ့ပါတယ်။ မူလတန်းကျောင်းသား အရွယ်ကတည်းက ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိတဲ့ ကလေးစာပေတွေကို တွေ့သမျှဖတ်ပြီး စုနိုင်သမျှကိုလည်း စုထားဖို့ ဝါသနာပါခဲ့ပါတယ်။ မှတ်မှတ်ရရ ကိုယ်တို့ရွာကနေ အလယ်တန်းကျောင်းကို သွားတဲ့လမ်းမှာ မျှားနတ်မောင် စာပေဆိုတဲ့ စာအုပ်အငှားဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ စာအုပ်ဆိုင်ပိုင်ရှင် အစ်ကိုကြီးဟာ အသက်(၄၀) လောက်ရှိပြီး အသားဖြူဖြူ အရပ်ပုပုနဲ့ အင်မတန် သဘောကောင်းပါတယ်။ သူကိုကြည့်လိုက်တိုင်း သန့်သန့်ပျံ့ပျံ့ရှိပြီး အမြဲပြုံးနေတတ်ပါတယ်။ သူ့ခေတ်သူ့အခါအရ စာအုပ်အငှားဆိုင်ဟာ စီးပွားဖြစ်တဲ့ လုပ်ငန်းတစ်ခုပါ။ အခုခေတ်လို နည်းပညာတွေ မထွန်းကားသေးတော့ ဗဟုသုတရှာမှီးစရာ အပန်းဖြေစရာတွေက ရွေးချယ်စရာ သိပ်မရှိဘူးလေ။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၁) ❞

Dawei Watch

October 9, 2023

မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက် (၃.၁၁.၁၉၈၅)ရက်နေ့ နေ့လယ်တစ်နာရီမှာ ကျပ်တစ်ရာတန်(၁၀ဝိ/-) ကျပ်ငါးဆယ်တန်(၅ဝိ/-) ကျပ်နှစ်ဆယ်တန် (၂ဝိ/-) စတဲ့ ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်ကြောင်း မြန်မာ့အသံရေဒီယိုက ကြေညာခဲ့ပါတယ်။ လူကြီးတွေပြောစကားအရ ကျပ်တစ်ရာတန်(၁၀ဝိ/-)နဲ့ ကျပ်ငါးဆယ်တန်(၅ဝိ/-)ကို အရင်ကလည်း ဒီလိုပဲ တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခဲ့ဘူးတယ်လို့ သိရပါတယ်။ တော်လှန်ကောင်စီအစိုးရခေတ်ကလို့ ပြောကြပါတယ်။ တနည်းပြောရရင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရခေတ်ဖြစ်ပါတယ်။ တရားမဝင် ဖြစ်သွားတဲ့ငွေတွေကို အစိုးရက တစ်ချို့တစ်ဝက် ပြန်လဲလှယ်ပေးတယ်လို့လည်း ပြောကြပါသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လဲလှယ်ပေးတယ်တော့ မသိရပါ။ ဒီရက်တွေအတွင်းမှာ ကုန်ဈေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားပါတယ်။ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်တစ်ပြည်ကို တစ်ကျပ်ကနေ နှစ်ကျပ်ခွဲ၊ ငါးခြောက် တစ်ပိသာကို နှစ်ကျပ် ကနေ ငါးကျပ်အထိ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၀) ❞

Dawei Watch

September 30, 2023

ကိုယ်တို့မြို့ကနေ မော်လမြိုင်မြို့ကို ကုန်းလမ်းက သွားမယ်ဆိုရင်တော့ တစ်ညအိပ် နှစ်ရက်ခရီး သွားရပြီး၊ ရန်ကုန်ကိုသွားမယ်ဆိုရင် နှစ်ညအိပ် သုံးရက်ခရီး သွားကြရပါတယ်။ ဒါက ပုံမှန်လမ်းခရီးကို ဆိုလိုတာပါ။ တကယ်လက်တွေ့ ခရီးသွားရတဲ့အခါ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ နေလိမ့်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ အများအားဖြင့် အဝေးပြေး ခရီးသည်တင်ကားတွေက အိုဟောင်းနေပြီး အခုခေတ်ကားတွေလို ထိုင်ခုံနေရာနဲ့ စနစ်တကျထိုင်ပြီး စီးရတာမျိုး မဟုတ်ပါဘူး။ ဦးရာလူတွေက သစ်သားခုံတန်းလျား ပေါ်မှာ ထိုင်စီးနိုင်ကြပေမဲ့ ကျန်တဲ့များစွာသော ခရီးသည်တွေက အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို တွယ်ကပ်စီးပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲသွားကြရပါတယ်။ ကားလမ်းက ကျဉ်းပြီး ဆိုးပါတယ်။ အချိန်မရွေး နေရာမရွေး ကားပျက်နိုင်ပြီး လစ်ရင်လစ်သလို ထွက်တိုက်တတ်တဲ့ ဓားပြလား သူပုန်လား အသေအချာမပြောနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ ရန်ကိုလည်း ကြောက်ကြရပါသေးတယ်။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း -(၉) ❞

Dawei Watch

September 24, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ ကိုယ်တို့ရွာတွေက ရေလုပ်သားတွေရဲ့ ငါးဖမ်းတဲ့ ပုံစံတွေ ပြောင်းလဲလာပါတယ်။ မူလက လှေငယ်လေးတွေနဲ့ ရွက်အားကိုး တက်အားကိုးပြီး ထမင်းဘူးကိုယ်စီယူကာ နေ့ချင်းပြန် ငါးဖမ်းတဲ့စနစ်ကနေ စက်လှေတွေနဲ့ တစ်လစာ ရိက္ခာဖြည့်ပြီး ရက်ရှည်ငါးဖမ်းထွက်တဲ့စနစ်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းလာခဲ့ပါတယ်။ တနည်းပြောရရင် ငါးအစိုကိုဖမ်းပြီး ကိုယ့်ဒေသမှာပဲ ရောင်းကြတဲ့စနစ်ကနေ ငါးခြောက်ကို ဈေးကွက်ရှိရာ တင်ပို့ရောင်းချတဲ့စနစ်ကို ပြောင်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီး စိုက်ထုတ်နိုင်မှု အခြေအနေအရ မိရိုးဖလာလုပ်ကိုင်ခဲ့ကြတဲ့ နေ့ချင်းပြန် ငါးဖမ်းတဲ့ လုပ်ငန်းလေးတွေ တစ်ချို့လည်း ဒီနေ့ဒီအချိန်အထိ ဆက်ရှိနေဆဲပါပဲ။ ငါးစိုကို တိုက်ရိုက်ရောင်းတဲ့ အချိန်တုန်းကတော့ ဒီနေ့စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေကြရတဲ့ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်တွေဆိုတာ အလကားတောင်းစားလို့ရတဲ့ အစားစားတွေ ပါ။ ကင်စား ဖုတ်စား […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၈) ❞

Dawei Watch

September 11, 2023

ကိုယ်တို့ အလယ်တန်းအောင်တော့ ကိုယ်တို့ရွာနဲ့ (၁၀)မိုင်နီးပါး ကွာဝေးတဲ့ရွာမှာ အထက်တန်း ကျောင်းကို သွားတက်ခဲ့ရပါတယ်။ ကိုယ်တက်ခဲ့ရတဲ့ကျောင်းက ရွာနှစ်ရွာရဲ့အစပ် မြို့ကိုသွားတဲ့ ကား လမ်းမနံဘေးမှာ ရှိပါတယ်။ ပင်မကျောင်းဆောင်ကြီးက သွပ်မိုး ကွန်ကရစ် (C) ပုံသဏ္ဍန် တစ်ထပ် ကျောင်းဆောင်ပါ။ ကပ်လျက်မှာတော့ အစည်းအဝေးခန်းမကြီးပါတဲ့ သစ်သားနှစ်ထပ် ကျောင်းဆောင် ကြီးနဲ့ အခြားစာသင်ဆောင်တွေလည်း သီးခြားစီ ရှိကြပါသေးတယ်။ ကျောင်းရဲ့မျက်နှာစာမှာ အလံတိုင်၊ စုဝေးကွင်းနဲ့ ဘေးနှစ်ဘက်တွေမှာ မုန့်ဆိုင်တန်းတွေ ရှိပါ တယ်။ နောက်ကျောဘက်မှာ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုလည်း ရှိပါတယ်။ ရွာကျောင်းဆိုပေမဲ့ မြို့နဲ့ကမြစ်တစ်ခုပဲ ခြားလေတော့ တောမကျ မြို့မကျ နေရာလို့ ပြောနိုင်တာပေါ့။ ဒီကျောင်းမှာ ကိုယ်တက်ဖြစ်ခဲ့တဲ့အကြောင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကိုယ်တို့ရွာသားဖြစ်ပြီး […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၇) ❞

Dawei Watch

August 31, 2023

ကိုယ်တို့ရွာရဲ့ အဓိကစီးပွားရေးက ပင်လယ်ငါးဖမ်းတဲ့ တံငါလုပ်ငန်းဆိုပေမဲ့ လယ်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်။ ရွာရဲ့အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ လယ်ကွင်းကြီးတွေ ရှိပါတယ်။ အခုချိန်မှာတော့ တစ်ချို့က ဥယျာဉ်ခြံမြေအဖြစ်၊ တစ်ချို့က အိမ်ရာမြေအဖြစ် ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ်တို့မိသားစုမှာ လယ်ပိုင်မရှိပေမဲ့ အဖေဘက်က အဘိုးအဘွားတွေက လယ်သမား စစ်စစ်တွေ ဖြစ်လေတော့ လယ်သမားတွေရဲ့ နိစ္စဓူဝ လုပ်ကိုင်နေတာတွေကို မြင်နေကြားနေ ရလေ့ရှိပါတယ်။ ဒါကြောင့် “ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများ” ဆိုတဲ့ လယ် သမားများရဲ့ ဘဝတွေကို ပြန်လည်မြင်ယောင် မိပါသေးတယ်။ အမှန်တော့ အဲဒီခေတ်က လယ်သမားတွေဟာ လယ်ယာမြေကို တရားဝင်ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းရောင်းချခွင့် မရှိကြပါဘူး။ လယ်ယာမြေမှန်သမျှကို နိုင်ငံတော်က ပိုင်တယ်။ တောင်သူလယ်သမားတွေကို သီးစားချထားပေးတယ် […]