ထားဝယ်အထူးစီးပွားရေးဇုန် ခြောက်အိပ်မက်
diz_admin
February 6, 2020ရွာပြန်လာတိုင်း ရေနက်ဆိပ်ကမ်း ဘယ်တော့စမလဲလို့ အမေးခံရတယ်။ မေးတဲ့ လူအုပ်စု နှစ်စုရှိတယ်။ အလုပ် လိုချင်လို့ဆိုတဲ့ လူငယ်အုပ်စုနဲ့ အဲဒီ ဘက်မှာ မြေတွေဝယ်ထားပြီး လျော်ကြေး မျှော်နေကြတဲ့အုပ်စု။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကာလ တွေအတွင်း ထားဝယ်ဒေသမှာ ရေနက် ဆိပ်ကမ်း ပြန်စတော့မယ်၊ အလုပ်တွေ ရကြတော့မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ ခဲ့တယ်။ ကောလာဟလတွေအရ နဘုလယ်ဒေသမှာ အလုပ်သမားကတ် ပြုလုပ်ပေးမယ်ဆိုသူတွေ၊ အလုပ်သွင်း ပေးမယ်ဆိုသူတွေပါ ရှိလာတယ်လို့ ခပ်စိပ်စိပ်ကြားလာရတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ကြေညာချက် ထွက်လာပြီးချိန်မှာ ထားဝယ် ရေနက်ဆိပ်ကမ်းသတင်းက ဒေသတွင်း မှာ ပိုမွှေးလာခဲ့တယ်။ ဆိုတော့ မေးစရာရှိတာက တကယ်ပဲ […]


