လောင်းရိပ်
diz_admin
March 12, 2020လောင်းရိပ် ဆိုတဲ့စကားကို ကျွန်တော် တို့ ငယ်စဉ်ဘဝမှာ အဖေပြောလို့ ပထမဆုံး ကြားခဲ့ရဖူးပါတယ်။ “သားတို့တွေ လောင်းရိပ် အမိမခံ ကြနဲ့” လို့ ဆိုဆုံးမတဲ့အထဲ သည်စကားစု လေး စပြီးကြားရတာပဲ ဖြစ်ပါတယ်။ အိမ်နောက်ဖေးက သီးပင်လေးအချို့ အုန်းပင်အရိပ်မှာ ကြီးထွားရှင်သန်မှု နှေးကွေးကြုံလှီတာ တွေ့ရတဲ့အခါ အမေ က ပြောပါတယ်။ “လောင်းရိပ်မိနေတော့ အပင်လေးတွေ မထွားကျိုင်းဘူးကွယ်” တဲ့။ မူလတန်း ကျောင်းသင်ခန်းစာက ဆက်စပ်တွေးတောမိရင်း အစိမ်းရောင် ရှိတဲ့ အပင်တွေဟာ နေရောင်ခြည်က တစ်ဆင့် စွမ်းအင်ရယူပြီး အစာအာဟာရ ချက်လုပ်ကြတာ ဖြစ်သတဲ့။ အပင်ကြီး တွေရဲ့ အရိပ်အာဝါသအောက်မှာ မိနေ လေတော့ နေရောင်ခြည်မရ အာဟာရ ကောင်းကောင်း မချက်လုပ်နိုင်ဘဲ ကြုံလှီ ကြတာ ဖြစ်မယ်လို့ […]