ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

July 21, 2020

အခန်း(၈)ရှေ့ခရီး မျှော်လင့်ချက်အနာဂတ်ကို မျှော်ကြည့်တဲ့အခါ မရေရာမှုပဲ ကြီးစိုးတယ်။ ဒါပေမဲ့ ဘယ်လိုပဲလာလာ ကျွန်မတို့ ပါဝင်ပြောင်းလဲပုံဖော်နိုင်တဲ့ အခွင့်အလမ်းနဲ့ ဖြစ်နိုင်ခြေလည်း အမြဲတမ်းရှိတယ်။ ဒါကိုပဲ မျှော်လင့် ချက်လို့ ကျွန်မနားလည်တယ်။ ရေဗက္ကာစလိုနစ် ပျော်ရွှင်မှုစိတ်ညစ်စရာအခြေအနေတွေထဲမှာ ပျော်ရွှင်အောင် ဘယ်လိုနေလဲလို့ မေးကြတယ်။ ပျော်ရွှင်မှုဟာ ရှာဖွေဖန်တီးနေရတဲ့အရာလို့ ကျွန်မ မထင်ဘူး။ တောထဲမှာ တော်လှန်ရေးသမားတွေနဲ့ မိုင်ပေါင်းများစွာ ကျွန်မလမ်းလျှောက်ခဲ့ဖူးတယ်။ ရေမြုပ်လာနေတဲ့ ရွာတွေထဲက ရေကာတာ ဆန့်ကျင်တဲ့ရွာသားတွေနဲ့ အတူနေခဲ့ဖူးတယ်။ အဲဒီလို အခြေအနေတွေမှာတောင် ဟာသဟာ ပျောက်ဆုံးမနေဘူး။ တကယ်တော့ ရယ်စရာ၊ ပြုံးစရာက နေရာတိုင်းမှာရှိနေတာပဲ။ Arundhati Roy စနစ်ဟောင်းသဘာဝဘေး၊ ကပ်ဘေး စတာတွေမှာ နေသားကျနေတဲ့ ပုံစံအဟောင်းက ပျက်ယွင်းသွားတယ်။ ဖွဲ့စည်းပုံစနစ်ပျက်ယွင်းတယ်။ အစိုးရရဲ့ စီမံနိုင်မှုပျက် ယွင်းတယ်။ ပြည်သူကို […]

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

July 13, 2020

အခန်း (၇) တော်လှန်ရေး ဒီကပ်ဘေးကြီးအလွန်မှာ တွေးပုံမြင်ပုံတွေ အမှန်တကယ် ပြောင်းလဲကြပါ့မလားဆိုတာကို အခု ကတည်းက စဉ်းစားလာကြပါတယ်။ သမိုင်းမှာတော့ ပြောင်းတာရော၊ မပြောင်းတာရော တွေ့ကြရပါတယ်။ ပထမကမ္ဘာစစ်ရဲ့ ကနဦး (၁၉၁၄- ခရစ္စမတ်) မှာကတည်းက စစ်ရေးရည်မှန်းချက်တွေ ထင် သလောက် မအောင်မြင်နိုင်ဘူးဆိုတာကို ဥရောပ စစ်နိုင်ငံအားလုံးက သိကြပါတယ်။ ဆက်တိုက်နေ ရင်လည်း အဓိပ္ပာယ်မဲ့ လူသတ်ပွဲတွေပဲဖြစ်မယ်ဆိုတာ ကို သိကြပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ သူတို့ အမြင်ကို မပြောင်းကြပါဘူး။ သူရဲကောင်းဝါဒ၊ လိုအပ်လို့ တိုက်ရတဲ့စစ်ပွဲစတဲ့တရားသေ အမြင်တွေနဲ့ ၁၉၁၈ အထိ အနောက်ဘက် စစ်မျက်နှာရွှံ့နွံတွေ ကြားမှာ လုံးထွေးနေကြပါတယ်။ စီးပွားပျက်ကပ်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ တော့ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ တိုးတက်ပြောင်းလဲမှုတွေ နှစ် […]

အကိုင်းချိုင် လူ့အဖွဲ့အစည်း

diz_admin

July 7, 2020

မိုးလေး အေးအေးဖြစ်လာတဲ့အချိန်မှာ အတွေးထဲ နွေရာသီတုန်းက ရေရှားပါးမှု ကြုံရတဲ့ ကိစ္စက ဝင်လာပါတယ်။ အခုတော့ ထုံးစံအတိုင်း မိုးတွေသည်းနေပြီဆိုတော့ နွေတုန်းက ရေရှားတာကိုလည်း မေ့တေ့တေ့ ဖြစ်နေပြီပေါ့။ ရေရှားပါးတဲ့အချိန်မှာ ဘာလုပ်မယ် ညာလုပ်မယ်လို့ အစီအစဉ်တွေ ထုတ်ပြောတတ်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း မိုးအေးအေးနဲ့အတူ နွေအခါ ရေရှားမှုကြုံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ရာ နှေးဖင့်နေပြီ ထင်ပါတယ်။ ဒီနှစ် နွေရာသီ ရေရှားပါးတဲ့အချိန်က ကော့သောင်းက မိတ်ဆွေကိုရွှေဖမ်ဖေ့စ်ဘုတ် ပေါ်မှာရေးတင်တဲ့ အတွေးစကိုလည်း စွဲမှတ် သတိရနေမိတယ်။ “ရေဆိုတာထက် ရေအရင်းအမြစ်အတွက် ပျောက်သွားတဲ့တောကို ပြန်ရဖို့ လိုအပ်တာပါ” ကိုရွှေဖမ်ကို တနင်္သာရီဂျာနယ် စာဖတ်ပရိသတ်များ ရင်းနှီးပြီးသားဖြစ်မှာပါ။ ထိုင်းမြန်မာနယ်စပ် ပါချန်မြစ် ကြောင်းတစ်လျှောက် ဒီရေတောတွေ ပြန်လည်ထိန်းသိမ်းရေး ဒေသခံလူထုတွေနဲ့ ပူးပေါင်းကာ စွမ်းစွမ်းတမံ […]

ကော်ပီသတင်းတွေရဲ့ ကောင်းကျိုး ဆိုးကျိုး

diz_admin

July 7, 2020

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ တနင်္သာရီတိုင်း အထူးသဖြင့် ထားဝယ်မှာ သတင်းတွေကို ကူးပြီးဖော်ပြတာနဲ့ ပတ်သက်လို့ ကူးယူခံရသူတွေနဲ့ ကူးယူသူတွေအကြား အချေအတင်ဖြစ်နေတာ သတိထားမိတယ်။ အွန်လိုင်းကနေ သတင်းစောင့်ဖတ်တဲ့ ပရိသတ်ဟာလည်း နှစ်ပိုင်းကွဲသွား တော့တယ်။တရားဝင်သတင်းဌာန၊ သတင်းထောက်တွေတင်တဲ့ သတင်းတွေကို အားပေးတဲ့ ပရိသတ်နဲ့ ကော်ပီသမားတွေတင်တဲ့ ပရိသတ် ဆိုပြီးကွဲသွားတယ်။ ကော်ပီသမားဆိုတဲ့ စကားရပ်ကို အနည်းငယ် ရှင်းပြပါရစေ။ တရားဝင် သတင်းဌာန၊ သတင်းထောက်တွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ သာမန်ဖေ့စ်ဘွတ်သုံးစွဲသူတွေ စသဖြင့် ဘယ်သူမဆိုတင်တဲ့ သတင်းတွေကို ကော်ပီလုပ်ပြီး မိမိတို့ရဲ့ အကောင့်၊ စာမျက်နှာတွေမှာ ပြန်တင်ကြတဲ့သူတွေပါ။ သတင်းကူးယူခံရယူတွေကတော့ သူတို့ကို သတင်းသူခိုးအဖြစ် ပြောဆိုကြ ပါတယ်။ အခုဆောင်းပါးမှာတော့ သတင်းကူးသူတွေလို့ပဲ သုံးနှုန်းပါမယ်။ သတင်းကူးသူတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာတာကိုလည်း သတိထား မိပါတယ်။ […]

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

July 7, 2020

“ဘောက်ဆိုင်းသတ္တုတွေကို တောင်ထဲမှာပဲ ချန်ထားလို့မရဘူးလား – Can we leave the bouxite in the mountain” ဒီမေးခွန်းကို အိန္ဒိယစာရေးဆရာမ အာရန်ဒါတေရွိုင်းက “ကျိုးပဲ့နေတဲ့ နိုင်ငံတော်” ဆိုတဲ့ စာအုပ်မှာ မေးခဲ့ပါတယ်။ ဩဒိဿပြည်နယ်က တောင်တွေထဲမှာ အလူမီနီယံ ထုတ်လို့ရတဲ့ သတ္တုမြေစေးတွေ ရှိပါတယ်။ အဲဒီမြေစေးရှိနေတဲ့ တောင်တွေဟာ ရေကန်လို ရေထိန်းပေးနိုင်တဲ့အစွမ်းရှိပြီး စိမ့် ထွက်ဖြန့်ဝေပေးလို့ တောင်ကြောတစ်လျှောက်က စိုက်ခင်းတွေကို ဖြစ်ထွန်းစေပါတယ်။ “သမားရိုးကျအမြင်က ဒီတောင်တွေကို ဖြို၊ ဒီဝန်းကျင်ကို ဖျက်ဆီးပြီး သတ္တုတူးအမြတ်ထုတ်ဖို့ပါ။ ဌာနေပြည်သူဘိုးဘွားတွေကတော့ တောင်တွေကို ဒီအတိုင်းထားပြီး သူပေးဝေတဲ့သဘာဝအထောက်အပံ့နဲ့ သဟဇာတဖြစ်တဲ့ဘဝတွေ တည်ဆောက်ကြပါတယ်။ ခေတ်သစ်အရင်းရှင်စနစ်အမြင်က ကိုယ့်ကိုကိုယ် သိပ်ပါးနပ်တယ်ထင်နေပေမယ့် တကယ်မှာက စိတ်ကူးအမြင်တွေ သေဆုံးနေတာ၊ အညွန့်တုံးနေတာ၊ နိဂုံးချုပ်နေတာပါ”စိတ်ကူးအမြင်အသစ်နဲ့ […]

ကျွန်တော်တို့ စိတ်ချရပြီလား

diz_admin

July 7, 2020

“နမ်းပါများတော့ ပြယ်”“မြင်ပါများတော့ ငယ်”။ ဒေါက်တာ ချိုချိုထူးစန်း(အထူးကုဆရာဝန်ကြီး (ဆေးပညာ)၊ ဘားအံပြည်သူ့ဆေးရုံကြီး)။ COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်မှာ ထည့်သွင်း ပြောကြားသွားတာလေး သဘောကျလို့ပါ။ နမ်းပါများတော့ ပန်းရဲ့ရနံ့ဟာ ပြယ်သွားတတ်သလို၊ အရင်တုန်းက ကြီးတယ်လို့ထင်ရတဲ့ အရာတစ်ခုဟာ မြင်ဖန်များတော့ ငယ်သွားတယ်လို့ ထင်သွားတတ်ပါတယ်။ အခုလည်း ကိုဗစ်နိုင်တင်းဟာ အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့စိတ်ထဲမှာ အသားကျသွားသလိုဖြစ်ပြီး စိုးရိမ်ပူပန်မှု သိပ်မရှိတော့တာကို တွေ့လာရတယ်။ ကိုဗစ်နိုင်တင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ ပြည်သူတွေ အတွက် သိပ်ကြောက်စရာမကောင်းတော့သလို ဖြစ်လာပါတယ်။ လမ်းမပေါ် ထွက်နေကြတဲ့သူတွေရော၊ အိမ်မှာနေကြ တဲ့သူတွေပါ စိတ်ထဲမှာ ကိုဗစ်နိုင်တင်းဟာ မေ့မေ့ပျောက်ပျောက်ဖြစ်လို့ လာနေပါတယ်။ တီဗီကသော်လည်းကောင်း၊ အင်တာနက်လိုင်းပေါ်က သော်လည်းကောင်း ကိုဗစ်နိုင်တင်းအကြောင်း […]

ရည်မှန်းချက်များ မယိမ်းယိုင်စေချင်ပါ

diz_admin

July 1, 2020

ကိုဗစ်ကြောင့် စိုးတထိတ်ထိတ်ဖြစ်နေရတဲ့ အခြေအနေကြားထဲမှာပဲ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပဖြစ်မယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အဲဒီသတင်းနဲ့အတူ နိုင်ငံရေးပါတီ အသီးသီးကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ အရည်အချင်း သတ်မှတ်ချက်တွေ မူဝါဒတွေကို ထုတ်ပြန်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အဆိုပြုလွှာတွေကို ဘယ်ရက်ကနေ ဘယ်ရက်အထိ ပေးပို့ရမယ်ဆိုတာမျိုးတွေ၊ ကိုယ့်ကိုကိုယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံတော့မယ်ဆိုတဲ့ ကြေညာချက်တွေကိုလည်း တွေ့ရပြန်ပါတယ်။ ကိုယ့်ကိုယ်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ကြေညာကြတဲ့ သူတွေထဲမှာ အသက်ကြီးပိုင်းတွေလည်း ပါသလို လူငယ်တွေလည်း ပါပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ကြေညာတဲ့သူတွေရှိသလို ဘယ်သူ့ကိုတော့ အမတ်ဖြစ်စေချင်တယ်။ ဘယ်သူကတော့ အမတ်ဖြစ်ထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ ဘယ်သူ့ကို ရွေးလိုက်ရင် ရပ်ရွာအတွက် အလုပ်လုပ်ပေးနိုင်မယ် စသဖြင့်လည်း ရပ်ထဲရွာထဲမှာ […]

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

June 15, 2020

အခန်း(၁)ပျောက်ဆုံးနေသူများ“ကပ်ဘေးသည် ဂိတ်တံခါး” “The pandemic is a portal” ဆိုတဲ့ ဆောင်းပါးမှာ အိန္ဒိယပြည်သူ တွေရဲ့ဒုက္ခကို အာရန်ဒါတေရွိုင်း (Arundhati Roy)က အခုလိုရေးပြပါတယ်။မနှစ်က ဒီဇင်ဘာလက တရုတ်ပြည်ဝူဟန်မှာ ဗိုင်းရပ်စ်ကို နှိမ်နင်းနေချိန် အိန္ဒိယမှာက ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့နိုင်ငံသားဥပဒေကို ပြည်သူများစွာက ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ကိုဗစ်လူနာပထမဆုံး စတွေ့တာက ဇန်နဝါရီ ၃၁ ရက်မှာပါ။ ဖေဖော်ဝါရီလမှာကလည်း အမေရိကန်သမ္မတလာတဲ့ ခရီးစဉ်စတာတွေနဲ့ ရှုပ်နေပါတယ်။ အာဏာရ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) က ဒေလီ ရွေးကောက်ပွဲမှာရှုံးသွားလို့ ဒေလီမွတ်စလင်တွေကို ဦးတည်တဲ့အကြမ်းဖက်မှုတွေလည်း ဖြစ်နေပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ဘေးအဖြစ် ကြေညာပါပြီ။ မတ်လ ၁၉ မှာတော့ အိမ်စာသေချာလုပ်ထားပုံမရတဲ့ ဝန်ကြီးချုပ်ဟာပြည်သူတွေ ဝရန်တာထွက်ပြီး […]