ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ကြမည်ဆိုလျှင်
diz_admin
February 11, 2020ဆန္ဒပြပွဲများတွင် မပါမဖြစ်သည်က ဆိုင်းဘုတ်များနှင့် ပိုစတာများ ဖြစ်သည်။ မိမိတို့ ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက်နှင့် အကြောင်းအရင်းကို ကွက်ကွက် ကွင်းကွင်းမြင်ရ၊ သိရဖို့အတွက် ဆိုင်းဘုတ် များ၊ ပိုစတာများကို အသုံးပြုကြရသည်။ တချို့က ဆိုင်းဘုတ်များအတွက် ဗီနိုင်း များကို အသုံးပြုကြသည်။ တချို့က ကတ္ထူစက္ကူပြားပေါ်တွင် မာကာပင်များကို အသုံးပြုပြီး လက်ဖြင့်ရေးကြရသည်။ ထို ဆိုင်းဘုတ်များ၊ ပိုစတာများက အရောင် အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ စာသားအမျိုးမျိုးဖြင့် ဆွဲဆောင်မှုရှိနေမည် ဖြစ်သည်။ ထို့သို့ ဆိုင်းဘုတ်စာသားများ ရေးသား ရာတွင် တစ်ခါတစ်ရံ မမျှော်လင့်ဘဲ အမှား အယွင်း တစ်စုံတစ်ရာ ပါသွားသည်မျိုးလည်း ရှိသည်။ ထိုသို့ မှားယွင်းသည့်အခါတွင်လည်း ဆန္ဒပြသူများက မည်သူဖြစ်သည်ဟူသည့် အပေါ်မူတည်ပြီး တုံ့ပြန်မှု အမျိုးမျိုး ရှိကြသည်။ တချို့ဆန္ဒပြပွဲများတွင် […]


