ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

တစ်ထောင်တန်တဲ့စကား တစ်ထောင်တန်ဖို့

diz_admin

March 12, 2020

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်လို့ ပြောရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာလို့ အားလုံး နားလည် လက်ခံထားကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ လေးခုမြောက် ထောက်တိုင် စတုတ္ထမဏ္ဍိုင်အဖြစ် သတင်း မီဒီယာကို အသိအမှတ်ပြုထားပါတယ်။ အသိအမှတ်ပြု တင်စားသလောက်လည်း တကယ့်သတင်းမီဒီယာတွေဟာ တိုင်းပြည်အတွက် အရေးပါလှပါတယ်။ အဲလိုပဲ နောက်ထပ် အရေးပါတဲ့ အစုအဖွဲ့တစ်ခု ရှိပါတယ် အဲဒါကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေပါ။ တချို့ကဆို တိုင်းပြည်ရဲ့ ငါးခုမြောက် ထောက်တိုင် ပဉ္စမ မဏ္ဍိုင်အဖြစ်နဲ့တောင် တင်စားကြပါတယ်။ အမျိုးမျိုး အပြားပြားသော လူထု အခြေပြု အဖွဲ့အစည်းတွေထဲမှာ ပါဝင်လေ့ ရှိကြတာက တက်ကြွလှုပ်ရှားသူ တွေပါ။ တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ပါ ဝင်စားမှု မျိုးစုံ၊ ယုံကြည်မှု မျိုးစုံနဲ့ ပါဝင် ပူးပေါင်းလေ့ ရှိကြပါတယ်။ […]

မည်သို့သော အဖြေထွက်ရေးနည်း

diz_admin

March 12, 2020

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိများအနက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ဆွေးနွေးပွဲကြီး ပြီးစီးသဖြင့် ခေတ္တရပ်နားထားပြီ ဖြစ်သည်။ ဆွေးနွေးမှုများ ပြီးနောက် များမကြာမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ပုဒ်မအလိုက် မဲခွဲဆုံးဖြတ်တော့မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ရာချီက နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ခန့်မှန်းချက်အရ မြန်မာ့ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံများ ဖြစ်တည်လာရေး အဓိကပုဒ်မများ သဘောတူ ပြောင်းလဲနိုင်ဖွယ် မရှိပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ပြီး ပုဒ်မများ တံခါးပိတ် ညှိနှိုင်းပြင်ဆင်စဉ်ကပင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ပြီး ဖြစ်သည်။ ကော်မတီပါ အချို့ပါတီကိုယ်စားလှယ်များ နုတ်ထွက်ခြင်း၊ တပ်မတော်သား အစုအဖွဲ့များက အစည်းအဝေးခန်းအတွင်းမှ ထွက်ခွာသွားခြင်းတို့ ရှိခဲ့သည်။ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ […]

ကားလိပ်ဆွဲ

diz_admin

March 4, 2020

ပွင့်လင်းရာသီရောက်လာတော့ မြို့ တိုင်း၊ ရွာတိုင်းမှာ ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဇာတ်ပွဲ များကို ခြိမ့်ခြိမ့်သဲ ကျင်းပလျက် ရှိကြ စမြဲ။ ညမိုးချုပ်တာနဲ့ ပွဲခင်းဆီက ဆိုင်း သံ၊ ဗုံသံ တဂျိမ်းဂျိမ်း တဂျက်ဂျက်လည်း ထွက်ပေါ်လာပြီ။ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ သူတွေက ပျားပန်းခတ်မျှ တိုးတိုးဝှေ့ဝှေ့နဲ့ သွားလာကြလျက် ပွဲခင်း လည်း စည်ကားလာပြီ။ တလင်းလင်း တလက်လက်ဖြစ်နေတဲ့ ဇာတ်စင်ပေါ်မှာ တော့ ကန့်လန့်ကာက ချထားဆဲ။ ပွဲကြည့်သူ ပရိသတ်နဲ့ ကပြဖျော် ဖြေသူ အနုပညာရှင်တို့ တွေ့ဆုံပြီး အနု ပညာရသ မျိုးစုံ ခံစားနိုင်ဖို့အတွက် အဲဒီ ကန့်လန့်ကာကို ဆွဲတင်လိုက်ရမှာပဲ ဖြစ်ပါ တယ်။ ကန့်လန့်ကာကို ဆွဲတင်လိုက် တာနဲ့ အက၊ […]

ဒဏ်ရာမဲ့အနာ

diz_admin

March 4, 2020

တေးရေး စောခူဆဲ ရေးသားပြီး ဂရေဟမ် သီဆိုထားတဲ့ ဒဏ်ရာမဲ့အနာဆို တဲ့ သီချင်းလေးကို မကြာခဏဆိုသလို နားထောင် ဖြစ်တယ်။ ဂရေဟမ်ရဲ့ အသံ လေးက ချိုချိုလေးနဲ့ဆိုတော့ အတော်ကို နားဝင်ချိုတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရမှာ ပါ။ သီချင်းစာသားရော၊ သံစဉ်ပါ အလွန် ကောင်းတဲ့ သီချင်းမို့ လူတိုင်းနီးပါး ခံစား လို့ရမှာပါ။ အသည်းကွဲနေသူများအဖို့ အတော်ကို ဖီးလ်လို့ကောင်းမယ့် သီချင်းမျိုးပေါ့။ ဒီသီချင်းရဲ့ခေါင်းစဉ်လေးက ကျွန်တော့် ကို အတွေးများစွာ ပွားစေပါတယ်။ ဒါကြောင့်လည်း သီချင်းခေါင်းစဉ်လေးကို ကျွန်တော့်ဆောင်ပါးရဲ့ခေါင်းစဉ်အဖြစ် ယူသုံးမိပါတယ်။ ပိုင်ရှင်ကိုတော့ ခွင့် မတောင်းဖြစ်ပါဘူး။ အလှမ်းကွာလွန်းလို့ ပါ။ မူရင်းဖန်တီးသူတွေအနေနဲ့ ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်လိုက်ပါရစေ။ ဒီနေရာမှာ ဒဏ်ရာတွေကို ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် အမျိုးအစားခွဲကြည့် […]

အလုပ်က လုပ်၊ အလုပ်ကို လုပ်

diz_admin

March 4, 2020

အလုပ်က လုပ်ရန် တွန်းသည့်အတွက် လုပ်နေရသည့်သူနှင့် အလုပ်ကို ကိုယ်က လုပ်နေသူဟူ၍ နှစ်မျိုး ရှိသည်။ အများစုတွေ့ရသည်မှာ အလုပ်က လုပ်ရန် ခိုင်းသည့်အတွက် လုပ်နေသည်က များသည်။ အနည်းစုသောသူတချို့သာလျှင် အလုပ်ကို ကိုယ်က စီးစီးပိုင်ပိုင် လုပ်နေခြင်း ဖြစ်သည်။ အလုပ်က လုပ်ဖို့ ပြောနေနိုင်မှလုပ်သူ များသည့် လုပ်ငန်းခွင်သည် လစ်ဟာမှုပေါင်းများစွာ အဆင်သင့်မဖြစ်မှုပေါင်းများစွာဖြင့် လုံးချာလည်နေလေ့ ရှိပြီး ကာယကံရှင်ကိုယ်တိုင်သည်လည်း ဒုံရင်းက ဒုံရင်း တက်မလာပေ။ ထိုသူတို့ ပါဝင် ပတ်သက်နေသည့် လုပ်ငန်းခွင်သည်လည်း လုံးချာလည်လိုက်နေလေ့ရှိသည်။ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသည် စစ်ကြေညာ၊ ညာသံပေးပြီး လာလေ့မရှိသည့်အတွက် အလုပ်တွင် လုပ်စရာ ရှိသလောက်ကိုသာ လုပ်နေသူ များသည် ရုတ်တရက်ရောက်လာသည့် အခွင့်အလမ်းများကို ဆုံးရှုံးပြီး ကြုံရသည့် စိန်ခေါ်မှုရှေ့တွင် ငုတ်တုပ်မေ့တတ်သည်။ […]

ကိုရိုနာဗိုင်းရပ် အနီးမြင်အဝေးမြင်

diz_admin

February 26, 2020

ကိုရိုနာ အုပ်စုဝင် ဗိုင်းရပ်စ် အသစ် တစ်မျိုး ကပ်ရောဂါအသွင် ကူးစက် ပြန့်ပွားမှုကို ၂၀၁၉ နှစ်ကုန်ခါနီးမှာ လူနေထူထပ်တဲ့ တရုတ်ပြည် ဟူပေခရိုင် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ဆိုတဲ့စကားလုံး (Corona Virus) ဆိုတာဟာ ဂရိ စကားလုံးက ဆင်းသက်လာပြီး အဏုကြည့် မှန်ဘီလူးရဲ့ အောက်မှာ သရဖူ(Crown) ပုံရှိတဲ့ ဗိုင်းရပ်စ်လို့ဆိုလိုတာ ဖြစ်တယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ လေးကတစ်ဆင့် ကမ္ဘာအရပ်ရပ်ကို အချိန် တိုတိုလေးအတွင်း အဲသည် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ခံရပြီး နိုင်ငံတကာ အတိုင်း အတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ရောဂါ ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းတွေ အပူတပြင်း လုပ်ဆောင်ခဲ့ကြရတယ်။ ကမ္ဘာတစ်ခွင် အထိတ်တလန့် ဖြစ်စေ လောက်သည်အထိ […]

စာအုပ်သစ်ပင် စိုက်စေချင်

diz_admin

February 26, 2020

ဒီနေ့ခေတ်မှာ လူငယ်တွေ စာဖတ် ကြသေးရဲ့လား။ စာမဖတ်ကြတော့ဘူး ဆိုရင်ရော၊ ဘာလို့မဖတ်ကြတာလဲ။ စာဖတ်လို့ ရလာမယ့် ဗဟုသုတတန်ဖိုးကို မသိကြလို့ပဲလား။ ဒီလိုမေးခွန်းတွေအပေါ် ကျွန်တော် အဖြေရှာမိတိုင်း ပတ်ဝန်းကျင်မှာ အသံတွေ စုံနေအောင် ကြားရတတ်တယ်။ လူကြီးတွေက စာဖတ်ချင်အောင် မစည်းရုံးနိုင်လို့၊ ခေတ်စနစ်အရ ဖုန်းထဲ မှာပဲ အချိန်ကုန်နေလို့၊ ဘယ်စာအုပ်ကို ဘယ်လို စဖတ်ရမှန်း မသိလို့။ ဒါတွေဟာ တကယ့်တကယ် စာမဖတ်ရခြင်းအတွက် ခိုင်လုံတဲ့ ဆင်ခြေတွေလား ဆိုတာက တော့ ကျွန်တော်တို့ အများကြီး ဆက်စဉ်း စားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော့်ဘ၀ အတွေ့ အကြုံအကြောင်း နည်းနည်းလေး ပြန်ပြော ပြချင်ပါတယ်။ ကျွန်တော် စာဖတ်လို့ မတတ်က တတ်က သုံးတန်းကျောင်းသားအရွယ်။ အစ်ကို တစ်ဝမ်းကွဲ […]

ဈေးကွက်ကို အခြေမခံသည့် နွေရာသီ

diz_admin

February 26, 2020

မကြာမီ နွေရာသီ ကျောင်းပိတ်တော့မည်။ အမျိုးမျိုးအပြားပြားသော သင်တန်းကျောင်းများကလည်း များမြောင် လှစွာသော နွေရာသီ သင်တန်းများကို ဖွင့်လှစ်ရန် ကြော်ငြာလျက် ရှိသည်။ ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ အားကစား စသည်တို့ဖြစ်သည်။ အများစု၏ စဉ်းစားချက်သည် ကလေးများအတွက် ဈေးကွက်ကို အခြေခံကြသည်။ ဘာသာစကား၊ ကွန်ပျူတာ စသည်တို့ကိုသာ အလေးကဲကြသည်။ ပန်းချီနှင့် အားကစားကို သင်ယူကြခြင်းမှာ ဈေးကွက်ကို အခြေခံသည့် စဉ်းစားချက်မဟုတ်သော်လည်း ရေစီးနောက်လိုက်ခြင်းထက် ပိုသည့် ခံယူချက် ဖြင့် သင်ယူကြသည်က ရှားသည်။ ကလေးများအား သင်ကြားခွင့်ပေးခြင်းသည် တစ်စုံတစ်ရာကို သင်ယူရန် ဖြစ်သော်လည်း ဈေးကွက် သို့မဟုတ် ဈေးနှုန်းကို အခြေခံသည့် စဉ်းစားချက်သည် တချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရရန်အတွက်တစ်ခုတည်းကိုသာ ဦးတည် စဉ်းစားခြင်းမျိုး ဖြစ်သည်။ ကလေးများနှင့် […]