ကိုယ်တိုင် လေ့လာတတ်မှ ရတော့မည်
diz_admin
May 25, 2020ယနေ့ခေတ် ကမ္ဘာကြီးကား အပြောင်းအလဲ မြန်လွန်းလှသည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကုန်သွယ်ရေးစစ်ပွဲ အဆုံးမသတ်မီမှာပင် ကိုဗစ် ကပ်ရောဂါဆိုး ပေါ်လာသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန်လည်ပတ်နေသော ကမ္ဘာ့အစီအစဉ်များ ကမောက်ကမ ဖြစ်သွားသည်။ ကိုဗစ်ကပ်ရောဂါမျှ မကြီးမားသော်လည်း ကမ္ဘာကြီး တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ပညာ၏ သဘောမှာ အကျိုးအကြောင်း ဆိုးကောင်းကို စဉ်းစားဆင်ခြင် တတ်ရန်၊ ကြုံလတ္တံ့သော ဘေးအန္တရာယ်၊ ဘဝစိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင် ကျော်လွှားတတ်ရန် ဖြစ်သည်။ ကျောင်းစာသင်ခန်းများတွင်မူ လတ်တလော ကြုံနေရသော၊ ကြုံရမည့် လူ့ဝန်းကျင်လောကအတွက် စိန်ခေါ်မှုများ၊ ယင်းတို့ကို ဖြစ်စေသော အကြောင်းရင်းများ၊ ယင်းတို့ကို မည်သို့ ကျော်လွှားမည် စသည်ဖြင့် တွက်ချက်တွေးတော စဉ်းစားသင်ယူကြလေ့ရှိသည်။ သို့သော် အလွန်လျင်မြန်ပြီး မမျှော်လင့်သော […]


