လူငယ်သည် အနာဂတ်မဟုတ်တော့ပါ
diz_admin
January 16, 2020လူငယ်မှာ တိုင်းပြည်၏ အနာဂတ်ဟုဆိုသည်။ သို့သော် ယခုဆိုလျှင် ယင်းအဆိုမှာ လုံးလုံးမှန်သည် မဆိုသာတော့။ လူငယ်မှာ တိုင်းပြည်၏ ပစ္စုပ္ပန်ပင် ဖြစ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းထွက် ငွေစက္ကူအသစ်စက်စက်တွင် ရိုက်နှိပ် ဂုဏ်ပြုထားသော လူပုဂ္ဂိုလ်မှာ အညာသားမြန်မာ လူငယ်တစ်ဦးဖြစ်သော အောင်ဆန်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် တိုင်းမဂ္ဂဇင်းကြီး၏ ကမ္ဘာ့အထင်ရှားဆုံးပုဂ္ဂိုလ်မှာ ဥတုဘေးအရေးကိစ္စဖြင့် ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သူ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။ ဟောင်ကောင်ကျွန်း၏ လွတ်လပ်မှု၊ ဒီမိုကရေစီ အရေးတို့ကို တဖြည်းဖြည်း ကန့်သတ်ရန် ကြိုးပမ်းလာသည့် တရုတ်ပြည်မကြီးမှ ဥပဒေများကို အသက်ပေး ကာကွယ်သူများမှာ ဟောင်ကောင်လူငယ်တို့ ဖြစ်သည်။ ဟောင်ကောင် တက္ကသိုလ် ကျောင်းသားလူငယ်များက ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့အင်အားကြီးတရုတ်အစိုးရ […]