အယ်ဒီတာ့ အာဘော်
diz_admin
June 15, 2020တင်ဦးခေတ်ဟုဆိုလိုက်သဖြင့် ယခင် စစ်အစိုးရလက်ထက် ဆုံးပါးသွားသော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ခေတ်ကို ဆိုလိုကြောင်း တွေးထင်သွားနိုင်သည်။ သို့သော် ထိုသို့မဟုတ်ပါ။ Facebook ကဲ့သို့သော လူမှုမီဒီယာများ လူထုအကြား များစွာအရေးပါ လာပြီးနောက် ပြောင်းလဲလာသော လူမှုအခင်းအကျင်းကို ဆိုလိုရင်းဖြစ်သည်။ အကြောင်းရေးရာ တစ်ခုခု ဆိုပါက Facebook ပေါ်တင်လိုက်ရမလားဟူသော ရေစီးကြောင်း ပေါ်လာသည်ကို ဆိုလိုရင်းဖြစ်သည်။ ထိုရေစီးကြောင်းနှင့်အတူ ဖြစ်လာသော အခြေအနေတစ်ရပ်မှာ Facebook ပေါ် ဦးစွာတင်သူက အမှန်ဖြစ်သွားသော ခေတ်၊ တစ်နည်းအားဖြင့် တင်ဦးခေတ် ဖြစ်လာခြင်းကို ရည်ညွှန်း ပြောဆိုပါသည်။ Facebook ကဲ့သို့သော လူမှုမီဒီယာများ မပေါ်မီကတည်းကပင် ပြောဦးသူနိုင်၊ တိုင်ဦးသူနိုင် သည့် အခြေအနေများရှိနှင့်နေပြီးဖြစ်သည်။ အချင်းချင်း အငြင်းပွား၊ ရန်စောင်သည့် ဖြစ်ရပ်များတွင်လည်း တရားရုံး သို့မဟုတ် ရဲစခန်းတွင် ဦးစွာတိုင်တန်းနိုင်သူက […]


