တစ်ပွဲတိုး နိုင်ငံရေး
diz_admin
June 23, 2020ခုတစ်လော နိုင်ငံရေးအသံ အတော်ညံတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့်နိုဝင်ဘာလထဲ ရွေးကောက်ပွဲ ကျင်းပမယ်ကြေညာပြီးချိန်မှာ ပိုညံလာတယ်။ အဲဒီလို မကြေညာခင်က ကိုဗစ်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ လူထုအများဟာ ရွေးကောက်ပွဲကိစ္စဘက်ကို အာရုံနည်းနည်း ပိုပြောင်းလာတာကို သတိထားမိတယ်။ အလားတူပဲ လက်ရှိအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ လွှတ်တော် အသီးသီးမှာရောက်နေကြတဲ့ အမတ်မင်းတွေလည်း နိုဝင်ဘာရွေးကောက် ပွဲကိစ္စ ရင်တထိတ်ထိတ်နဲ့ ဗျာများလာ ကြတယ်လို့ ကောက်ချက်ဆွဲမိတယ်။ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဆူဆူ ညံညံအဖြစ်ဆုံးနိုင်ငံရေးကိစ္စတွေထဲ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ရဲ့ အမတ်လောင်း ရွေးချယ်ပွဲတွေက တစ်ပြေးခဲ့တယ်။ “မြို့မိမြို့ဖနဲ့ အမတ်လောင်း” ဆောင်းပါးမှာ ရေးခဲ့ပြီးသလို အများပြည်သူဆိုင်ရာ စကားလုံးဖြစ်တဲ့ “မြို့မိမြို့ဖ” ဆိုတဲ့ စကားအသုံးကို နိုင်ငံရေးပါတီတစ်ခုက အလွယ်တကူ ဆွဲယူအသုံးပြုလိုက်တာဟာ […]


