နိုင်ငံရေး ချန်ပီယံများနှင့် ရပ်ဝန်း
diz_admin
July 27, 2020၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်တင်သွင်းရန် ရက်နီးကပ်လာသည်နှင့်အမျှ ကိုယ်စားလှယ်လောင်း ရှာဖွေသံလည်း တညံညံ ထွက်လာသည်။ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ဦးစွာ ထွက်ရှိလာသည်။ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များကို ယခု သက်တမ်းအတွင်း အားမလိုအားမရ ဖြစ်မှုများ ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းမှာ အပြောင်းအလဲ ကြီးကြီးမားမားမရှိဘဲ ထွက်ပေါ်လာသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု ၁၀ နှစ်တာကာလအတွင်း လူအများ က လွှတ်တော် နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာသော်လည်း ဦးဆောင်သူများ၊ လွှတ်တော်အတွင်းမှ ကစားသမားများကို အားမလိုအားမရရှိဆဲ ဖြစ်သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် အပြောင်းအလဲကို ဖော်ဆောင် နိုင်သော ချန်ပီယံနိုင်ငံရေးသမားများ […]


