ပြတ်သားချိန် တန်ပါပြီ
diz_admin
March 30, 2020အီတလီတွင် လူရှစ်သောင်းခွဲကျော် ရောဂါပိုးကူးစက်ခံရပြီး ကိုးထောင် ကျော် သေဆုံးခဲ့ရသည်။ ရောဂါစတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင်ပင် လူ ရှစ်သောင်းကျော် ရောဂါပိုးကူးစက်ခံရပြီး သုံးထောင်ကျော်သာ သေဆုံးခဲ့သည်။ အီတလီမှာ တရုတ်နိုင်ငံပြီးနောက် ၁၉ ရက်အကြာတွင်မှ ရောဂါပိုးစတွေ့ ခဲ့သော်လည်း သေဆုံးသူဦးရေ ကြောက်ခမန်းလိလိ တိုးလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်နိုင်တီး ရောဂါကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အီတလီတွင် ထိန်းမနိုင် သိမ်းမရ ထိုသို့ လူသေဆုံးမှု မြင့်မားရခြင်းနှင့် ပတ်သက်၍ အီတလီအစိုးရ၏ ကိုင်တွယ်ပုံ သင်ခန်းစာများကို ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၏ မဂ္ဂဇင်းတစ်ခုဖြစ်သော Harvard Business Review က မတ်လ ၂၇ ရက်နေ့ထုတ် ဆောင်းပါးတစ်ရပ်တွင် ထောက်ပြ ဝေဖန်ထားသည်။ ဆောင်းပါးပါ အဓိကသင်ခန်းစာ လေးချက်အနက် အချို့မှာ […]