ဘန်းချောင်းဒေသကိစ္စ ဒေသန္တရ အစိုးရကို ပြည်ထောင်စုအစိုးရ နိုင်စားသလော
diz_admin
August 19, 2020“အဝေးက လူက ကျွန်မတို့ရဲ့ဒေသမှာ လာပြီးတော့မှ လုပ်ခွင့်ပေးတဲ့ဟာသည် လူမှုရေး တရားမျှတမှု မရှိဘူး” သဘာဝတောကြီးအတိုင်း ရှိနေသေးတဲ့ ဘန်းချောင်းဒေသမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို နှစ်ရှည်သီးနှံပင်နဲ့ ရော်ဘာစိုက်ပျိုးဖို့အတွက်ဆိုပြီး မြေဧက ၃၀ဝ ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေး လိုက်ပါတယ်။ အဲဒီနေရာဟာ သဘာဝသစ်တောကောင်းတဲ့နေရာဖြစ်တာကြောင့် ခွင့်ပြုချက်မပေးဖို့ တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးထားတဲ့ကြားက ပြည်ထောင်စုကနေ ခွင့်ပြုချက်ပေးလိုက်တာပါ။ ကရင်အမျိုးသားစည်းရုံး(KNU) ဘက်ကလည်း ဘန်းချောင်းဒေသမှာ နှစ်ရှည်ပင်နဲ့ ရော်ဘာပင်စိုက်ဖို့လုပ်နေတာကို ကန့်ကွက်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေကတော့ ဘန်းချောင်းဒေသဟာ ဇီဝမျိုးစုံ၊ မျိုးကွဲများစွာရှိနေတာရယ်၊ တနင်္သာရီမြစ်အတွက် အရမ်းအရေးပါတဲ့ ရေဝေ၊ ရေလဲ ဒေသဖြစ်တာရယ်၊ မျိုးတုန်းလုနီး တောရိုင်းတိရစ္ဆာန်တွေ ရှိနေသေးတာရယ် စတဲ့ အချက်တွေကြောင့် ဘန်းချောင်းဒေသကို ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။ အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ […]


