ကိုဗစ်ကာလ သတင်းစကားအမှားများ ကျူးလွန်ခံရသည့်သားကောင်များနှင့် ထွက်ပေါက်မရှိပြည့်ကျပ်နေသည့် စိတ်ခံစားမှုများ၏ လားရာ
diz_admin
September 24, 2020၁။ ကိုဗစ်ကာလ သတင်းစကားအမှားများ“မနေ့ညက ကောလိပ် ကုက္ကိုဘုန်း ကြီးကျောင်းရှေ့မှာ ဝါးလုံးတွေနဲ့ ပိတ် လိုက်ပြီတဲ့”“တစ်နေ့က ဝန်ထမ်းအိမ်ရာမှာ ပိုးတွေ့လူနာ လာခေါ်သွားသတဲ့”“ညနေတုန်းက ငြိမ်းချမ်းသာယာ ၂ လမ်းမှာ လမ်းပိတ်လိုက်ပြီတဲ့”“ညက ရေကန်ဘောင်မှာ လူနာတင်ယာဉ်နဲ့ ပိုးတွေ့လို့ လာခေါ်သလား မသိဘူး၊ ကြားရသတဲ့”ကြားရတယ်လို့ ပထမတစ်ဆင့် စကားကနေ နောက်လူတွေဆီ လက်ဆင့်ကမ်းတဲ့အခါ အကြားကနေ ဖြစ်သယောင်တွေ ဖြစ်ပြီး ထင်ယောင်မှားနဲ့ ချောက်ချား စရာသတင်းစကား အမှားတွေ ဖြစ်လာ တတ်ကြတာ မလွဲပါဘူး။ တစ်နိုင်ငံလုံး ပိုးတွေ့လူနာများလာ၊ သေနှုန်းတွေ မြင့်လာတဲ့ အချိန်ကျမှ အဲသည်အချိန်မတိုင်ခင်က မကြောက်မရွံ့ လမ်းသလားနေတဲ့ သူတွေကလည်း အဲသည် ကြောက်ပါတယ်ဆိုတဲ့ သတင်းစကား မက်ဆေ့ချ်ကို အိမ်မှာနေရင်း လိုင်းပေါ်က တစ်ဆင့် ဖြန့်တာ ဖြစ်ဖြစ်၊ ဆွေနီးမျိုးစပ် […]


