ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ
diz_admin
October 11, 2020အခန်း (၁၂) ချောင်းမကြီးထဲမှာ ၂၁ ရာစုကို ဖြတ်သန်းဖို့ မိုဘိုင်းဖုန်းကောင်း ကောင်းတစ်လုံးတော့ ခင်ဗျားမှာ လိုလိမ့်မယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့ ကမ္ဘာကြီးအကြောင်း သိနေဖို့တော့ မဟုတ်ဘူး။ ကမ္ဘာကြီးထဲကနေ လွတ်မြောက်ရာရှာဖို့ မိုဘိုင်းဖုန်းတစ်လုံး လိုတာပါ။ ဥတုဘေးသင့်ကမ္ဘာမှာ ခင်ဗျားရဲ့ အိမ်ပြတင်းပေါက်က လှမ်းကြည့်တိုင်း မကြည်မလင် မသာယာစရာတွေပဲ မြင်ရဖို့များပါလိမ့်မယ်။ အဲဒီအခါ မိုဘိုင်းဖုန်းမျက်နှာပြင်ကိုပဲ ပြေးဝင်ပြီး လွတ်မြောက် ရာရှာမယ်ပေါ့။ သာယာစရာ ပျော်ရွှင် စရာတွေကို ရှာကြည့်ပြီး အခြေအနေဆိုးတွေထဲမှာ နေတတ်အောင် နေကြမယ်ပေါ့။ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်း (Adaptation) ဆိုတဲ့စကားကို ဥတုရာသီပြောင်းလဲမှုနဲ့တွဲပြီး ခင်ဗျားကြားမိနေမှာပါ။ ဒီအတိုင်းဆက်သွားရင် လူတိုင်း မိုဘိုင်းဖုန်းကိုယ်စီနဲ့ လိုက်လျောညီ ထွေဖြစ်အောင်နေကြတဲ့ အနာဂတ်ဟာ စိတ်ကူးယဉ်သိပ္ပံဝတ္ထု မဟုတ်ဘဲ တကယ့်ဖြစ်နိုင်ခြေ တစ်ခုပါ။ မကောင်းတဲ့အခြေအနေတွေကို […]


