ပြကွက်ဟောင်းနဲ့မျက်လှည့်ပွဲ လူတွေစိတ်ဝင်စားရဲ့လား (အပိုင်း – ၁)
Dawei Watch
November 22, 2025တစ်နိုင်ငံလုံး စစ်မီးတောက်နေပြီး ပြည်သူလူထုမှာ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေချိန်၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြည်သူလူထုမှာ ဘေးကျပ်နံကျပ် ဖြစ်နေချိန် စစ်အာဏာရှင်ကတော့ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမည်ဟု ပြောဆိုနေသည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် တရားမျှတသည့် ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ပြည်တွင်းနေပြည်သူများပင်မက ပြည်ပမှမြန်မာ့အရေး စိတ်ဝင်စားသူ အားလုံးက တညီတညွတ်တည်း ပြောဆိုနေကြသည်။ သို့သော် အာဏာသိမ်းစစ်ခေါင်ဆောင်များက ရွေးကောက်ပွဲကို တက်သုတ်ရိုက် ကျင်းပနိုင်ရေးသာ လုပ်ဆောင်နေသည်။ ရွေးကောက်ပွဲမှာ မြန်မာ့ပဋိပက္ခ၏ ထွက်ပေါက်ဟု အကြောင်းပြနေသော စစ်အာဏာရှင်တစ်စု၏ မူရင်းရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ ဖိအားများမှ သက်သာစေရန် နိုင်ငံတကာကို မျက်လှည့်ပြရန် လုပ်ဆောင်နေခြင်းသာဖြစ်သည်။ သို့သော် ၎င်းတို့၏ မျက်လှည့်ပွဲတွင် ပြသမည့် ပြကွက်မှာ ဖန်တစ်ရာတေနေသာ ပြကွက်ဟောင်းသာ ဖြစ်သဖြင့် ပြည်သူလူထုနှင့် […]


