အသက်ဘေးကြောင့် နေရပ်စွန့်ကြရသူများ
diz_admin
July 17, 2022မူလက အေးချမ်းတည်ငြိမ်ပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း များကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ယခုအခါတွင် တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုများကို ကြုံတွေ့နေကြရသည်။ စစ်အာဏာရှင် စနစ်ဆန့်ကျင် တော်လှန်ရာတွင် ပါဝင်ကြသည့် လူငယ်၊ လူရွယ်များ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည့် ဝန်ထမ်းများမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် တိမ်းရှောင်နေကြရသလို တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရပြန်သည်။ ယင်းအပြင် စစ်ကောင်စီတပ်နှင့်အတူ လှုပ်ရှားနေသည့် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ် ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်ကဲ့သို့ လက်ဝေခံအဖွဲ့များ၏ အသက်ဘေးရန်ရှာမှုကို ကြောက်၍ နေရပ်စွန့်ခွာထွက်ပြေး နေကြရသူများလည်း ရှိနေပြန်သည်။ တနင်္သာရီတိုင်းတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကြသူ ၁၅၀၀၀ ကျော်ရှိနေပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဘေးလွတ်ရာ တောတောင်များ၊ ဥယျာဉ်ခြံများအတွင်း […]