လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ
diz_admin
November 20, 2022မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။ ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း ပြန်ရောက်ချိန်တွင် အိပ်မက်အတိုင်း လုပ်ငန်းငယ်ဖြင့် စတင်ရုန်းကန်ကြိုးပမ်းခဲ့ကြသည်။ တစ်စတစ်စ လုပ်ငန်း အခြေချ အောင်မြင်စပြုကာ လုပ်ငန်းရှင်လောင်းဘဝသို့ ရောက်ရှိတော့မည့်အချိန်တွင် ကံကြမ္မာငင်တော့သည်။ တစ်ကမ္ဘာလုံး ခံစားရသည့် ကိုဗစ်ကပ်ဘေးဒဏ်ကို တနင်္သာရီတိုင်းသားတို့လည်း ခံစားကြရသည်။ အောင်မြင်စ လုပ်ငန်းများ ရပ်နားခဲ့ကြရသည်။ ကိုဗစ်ငြိမ်စပြုပြီး အိပ်မက်များ တစ်ကျော့ပြန်ရှင်သန်တော့မည့်အချိန် အာဏာသိမ်းမှု ဖြစ်ပြန်သည်။ နိုင်ငံရေးမတည်ငြိမ်မှုတွင် လုပ်ငန်းများ ဖျက်ဆီးခံရသည်များရှိသလို အလုပ်မရှိတော့ခြင်းနှင့်လည်း ကြုံရတော့သည်။ ရှာဖွေစုဆောင်းထားသမျှကို စားသောက်ရင်း လုံးပါးပါးချိန်တွင် ယခင်ဘဝ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သို့ ပြန်မသွားချင်တော့သော်လည်း တစ်ကျော့ပြန်သွားကြရပြန်တော့သည်။ […]