ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ကျီးလန့်စာစား စျေးသည်များ

Dawei Watch

October 1, 2023

အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်လာချိန်တွင် အထွေထွေကုန်ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားသည်။ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်ဆီဈေးနှုန်းများအပြင် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေလဲနှုန်းများလည်း မြင့်တက်သွားသည်။ ထိုကြောင့် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီများဖွဲ့ပြီး ကုန်ပစ္စည်းအချို့ကို ၎င်းတို့သတ်မှတ်သည့် နှုန်းထားအတိုင်းရောင်းချရန် ဖိအားပေးလာသည်။ စစ်ကောင်စီက ၎င်းတို့သတ်မှတ်နှုန်းထက်ပိုရောင်းသည့် လုပ်ငန်းရှင်များကြီးများကို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။ စစ်ကောင်စီသတ်မှတ်သည့် နှုန်းထားများမှာ မြေပြင်ပေါက်ဈေးနှင့် ပမာဏများစွာ ကွာဟနေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း အဆင်ပြေသည့် နည်းလမ်းများစွာကို ရှာဖွေ အသုံးပြုလာသည်။ မည်သည့် စီးပွားရေးလုပ်ငန်းရှင်ကမျှ အရှုံးခံရောင်းမည် မဟုတ်ရာ တွက်ချေကိုက်ရေးအတွက် နည်းမျိုးစုံသုံးလာကြသည်။ အချို့ဆိုလျှင် လုပ်ငန်းများရပ်ပြီး အိမ်၊ခြံ၊မြေဘက် ရောက်သွားသည်။ အချို့ကတော့ ဟန်ပြရောင်းပြီး မှောင်ခိုလမ်းကြောင်းဖြင့် ပေါက်စျေးအတိုင်း ထုတ်ရောင်းကြသည်။ အချို့ကတော့ သတ်မှတ်စျေးဖြင့် ရောင်းနိုင်ရန် အရည်အသွေးချလိုက်ကြသည်။ အခြားတစ်ဖက်တွင်လည်း […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၀) ❞

Dawei Watch

September 30, 2023

ကိုယ်တို့မြို့ကနေ မော်လမြိုင်မြို့ကို ကုန်းလမ်းက သွားမယ်ဆိုရင်တော့ တစ်ညအိပ် နှစ်ရက်ခရီး သွားရပြီး၊ ရန်ကုန်ကိုသွားမယ်ဆိုရင် နှစ်ညအိပ် သုံးရက်ခရီး သွားကြရပါတယ်။ ဒါက ပုံမှန်လမ်းခရီးကို ဆိုလိုတာပါ။ တကယ်လက်တွေ့ ခရီးသွားရတဲ့အခါ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ နေလိမ့်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ အများအားဖြင့် အဝေးပြေး ခရီးသည်တင်ကားတွေက အိုဟောင်းနေပြီး အခုခေတ်ကားတွေလို ထိုင်ခုံနေရာနဲ့ စနစ်တကျထိုင်ပြီး စီးရတာမျိုး မဟုတ်ပါဘူး။ ဦးရာလူတွေက သစ်သားခုံတန်းလျား ပေါ်မှာ ထိုင်စီးနိုင်ကြပေမဲ့ ကျန်တဲ့များစွာသော ခရီးသည်တွေက အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို တွယ်ကပ်စီးပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲသွားကြရပါတယ်။ ကားလမ်းက ကျဉ်းပြီး ဆိုးပါတယ်။ အချိန်မရွေး နေရာမရွေး ကားပျက်နိုင်ပြီး လစ်ရင်လစ်သလို ထွက်တိုက်တတ်တဲ့ ဓားပြလား သူပုန်လား အသေအချာမပြောနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ ရန်ကိုလည်း ကြောက်ကြရပါသေးတယ်။ […]

အဖြစ်များနေတဲ့ မျက်စိနာ ဘာတွေသတိထားရမလဲ

Dawei Watch

September 27, 2023

မိုးကုန်ခါနီး သီတင်းကျွတ်ရာသီနီးလာချိန် ရာသီအကူးအပြောင်းကြောင့် တနင်္သာရီတိုင်းအတွင်း မျက်စိနာသူများ အစုလိုက်အပြုံလိုက်ဖြစ်နေကြသည်။ မိသားစုဝင်တစ်ဦးဖြစ်ပါက တစ်အိမ်သားအားလုံးကို ကူးစက်သွားကြသလို စာသင်ကျောင်းများတွင်လည်း အဖြစ်များနေသည်။ ယခင်ကလည်း ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ရှိသော်လည်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေလောက် များပြားခြင်းမရှိပေ။ မျက်စိနာရသည့် အကြောင်းအရင်း၊ မျက်စိနာ ကူးတတ်သလား။ မျက်စိနာလာရင် ဘာလုပ်ရမည်လဲ စသည်တို့ကို သိရှိရန်အရေးကြီးလှသည်။ ထိုကြောင့် မျက်စိနာနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အရေးကြီးအချက်များကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန် တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။ DW – အခုတလော တနင်္သာရီတိုင်းမှာ မျက်စိနာတာတွေက အတော်များများ ဖြစ်နေကြတယ်ပေါ့နော် ဆရာခင်ဗျား။ မျက်စိနာတာက ဘာကြောင့်ဖြစ်ရတာလဲခင်ဗျား။ Dr – အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကြောင့်။ သူက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီးရင် နောက်ပိုင်းမှာ ဘက်တီးရီးယားက လိုက်လာရော။ ဗိုင်းရပ်စ်ဝင်လိုက်ရင် မျက်စိထဲမှာရှိတဲ့ […]

လူထု အောင့်လုံး

Dawei Watch

September 24, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု လပေါင်း ၃၀ ကျော်လာချိန်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။ လက်နက်ကိုင်အဖွဲ့များမှာ ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီကို တော်လှန်နေကြခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိနေသည်။ တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ယင်းတော်လှန်ရေး အင်အားစုများတွင် NUG ကထူထောင်သော ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းတပ်ဖွဲ့ (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့(LDF) များနှင့် မြေပြင်ပြောက်ကျားအင်အားစု(STF)များ ဟူ၍လည်း အစုအဖွဲ့အသီးသီးရှိနေသည်။ လက်နက်ကိုင် တော်လှန်ရေးဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအချင်းချင်း၊ အဖွဲ့အစည်းနှင့်ပြည်သူ စသဖြင့် အင်အားစုများအကြား ပွတ်တိုက်မှုများလည်း ရှိလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း အလားတူပွတ်တိုက်မှုများမှာ ပိုမိုဖြစ်ပေါ်လာနေပြီး တော်လှန်ရေးအဖွဲ့အချို့နှင့် ပြည်သူအချို့အကြားတွင်လည်း အမြင်မတူမှုများရှိနေသည်။ တနင်္သာရီပုံရိပ်အစီအစဉ်သည် ပြည်သူ့အသံကို အလေးထား ဖော်ပြလျက်ရှိသည်နှင့် အမျှ လူထုပေါ် […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း -(၉) ❞

Dawei Watch

September 24, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ ကိုယ်တို့ရွာတွေက ရေလုပ်သားတွေရဲ့ ငါးဖမ်းတဲ့ ပုံစံတွေ ပြောင်းလဲလာပါတယ်။ မူလက လှေငယ်လေးတွေနဲ့ ရွက်အားကိုး တက်အားကိုးပြီး ထမင်းဘူးကိုယ်စီယူကာ နေ့ချင်းပြန် ငါးဖမ်းတဲ့စနစ်ကနေ စက်လှေတွေနဲ့ တစ်လစာ ရိက္ခာဖြည့်ပြီး ရက်ရှည်ငါးဖမ်းထွက်တဲ့စနစ်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းလာခဲ့ပါတယ်။ တနည်းပြောရရင် ငါးအစိုကိုဖမ်းပြီး ကိုယ့်ဒေသမှာပဲ ရောင်းကြတဲ့စနစ်ကနေ ငါးခြောက်ကို ဈေးကွက်ရှိရာ တင်ပို့ရောင်းချတဲ့စနစ်ကို ပြောင်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီး စိုက်ထုတ်နိုင်မှု အခြေအနေအရ မိရိုးဖလာလုပ်ကိုင်ခဲ့ကြတဲ့ နေ့ချင်းပြန် ငါးဖမ်းတဲ့ လုပ်ငန်းလေးတွေ တစ်ချို့လည်း ဒီနေ့ဒီအချိန်အထိ ဆက်ရှိနေဆဲပါပဲ။ ငါးစိုကို တိုက်ရိုက်ရောင်းတဲ့ အချိန်တုန်းကတော့ ဒီနေ့စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေကြရတဲ့ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်တွေဆိုတာ အလကားတောင်းစားလို့ရတဲ့ အစားစားတွေ ပါ။ ကင်စား ဖုတ်စား […]

ဒေါက်တာ လာလီတာ နှင့် မေးမြန်း တင်ဆက်ခြင်း

Dawei Watch

September 18, 2023

ထိုင်းနိုင်ငံမှာ အစိုးရသစ် ရှိလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ပဋိပက္ခတွေက ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ဒါတွေက ထိုင်းနဲ့ ထိုင်းလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။ ထိုင်းအစိုးရသစ်နဲ့ ဘယ်လို ထိတွေ့ လုပ်ဆောင်သင့်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က ကထိက ဒေါက်တာ လာလီတာနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ ဒေါက်တာလာလီတာက မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေတဲ့ ထိုင်းသုတေသီ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဒေါက်တာဘွဲ့ကျမ်းကို ဗြိတိသျှခေတ် မြန်မာနိုင်ငံက မှုခင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြုစုခဲ့ပါတယ်။ DW – မင်္ဂလာပါ ဒေါက်တာ လာလီတာ ခင်ဗျား။ အခုက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုကြီးလာတယ်။ လက်နက်ကိုင် ဓလေ့လည်း ပိုများလာတယ်။ လက်သည်မပေါ်ဘဲ အသတ်ခံရတာတွေလည်း တော်တော် ရှိလာတယ်။ ဘယ်အုပ်စုတွေက […]

စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူမစ်ဖလိုး နဲ့တွေ့ဆုံခြင်း

Dawei Watch

September 18, 2023

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ အခုဆိုရင် လပေါင်း ၃၀ ကျော်လာပါပြီ။ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကလည်း ပိုပိုတိုးလာနေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာဆိုရင်လည်း တိုက်ပွဲမဖြစ်ဖူးတဲ့ မြို့နယ်ရယ်လို့ မရှိတော့ပါဘူး။ တနင်္သာရီတိုင်းမှာရှိတဲ့ မြို့နယ် ၁၀ ခုစလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အထူးသဖြင့်တော့ စစ်အုပ်ချုပ်ရေး‌ ကြေညာထားတဲ့ ပုလော၊ တနင်္သာရီမြို့နယ်နဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ် လေးခုစလုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပါတယ်။  ဒီလိုတိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် ပြည်သူတွေမှာ အထွေထွေအခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ရေရှည်စိတ်ဒဏ်ရာတွေ ရရှိနေကြတာပါ။ သာမန်အေးချမ်းတဲ့ အခြေအနေ တစ်ခုမှာဆိုရင် ကလေးတွေကို အကြမ်းဖက်မှု မြင်ကွင်းတွေ မတွေ့မြင်ရစေဖို့ လူကြီးတွေက ကာကွယ်ပေးလေ့ရှိပါတယ်။ ရုပ်သံတွေမှာပါတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကိုတောင် ကလေးတွေ မကြည့်မမြင်ရစေဖို့ ကာကွယ်ပေးလေ့ရှိကြပါတယ်။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၈) ❞

Dawei Watch

September 11, 2023

ကိုယ်တို့ အလယ်တန်းအောင်တော့ ကိုယ်တို့ရွာနဲ့ (၁၀)မိုင်နီးပါး ကွာဝေးတဲ့ရွာမှာ အထက်တန်း ကျောင်းကို သွားတက်ခဲ့ရပါတယ်။ ကိုယ်တက်ခဲ့ရတဲ့ကျောင်းက ရွာနှစ်ရွာရဲ့အစပ် မြို့ကိုသွားတဲ့ ကား လမ်းမနံဘေးမှာ ရှိပါတယ်။ ပင်မကျောင်းဆောင်ကြီးက သွပ်မိုး ကွန်ကရစ် (C) ပုံသဏ္ဍန် တစ်ထပ် ကျောင်းဆောင်ပါ။ ကပ်လျက်မှာတော့ အစည်းအဝေးခန်းမကြီးပါတဲ့ သစ်သားနှစ်ထပ် ကျောင်းဆောင် ကြီးနဲ့ အခြားစာသင်ဆောင်တွေလည်း သီးခြားစီ ရှိကြပါသေးတယ်။ ကျောင်းရဲ့မျက်နှာစာမှာ အလံတိုင်၊ စုဝေးကွင်းနဲ့ ဘေးနှစ်ဘက်တွေမှာ မုန့်ဆိုင်တန်းတွေ ရှိပါ တယ်။ နောက်ကျောဘက်မှာ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုလည်း ရှိပါတယ်။ ရွာကျောင်းဆိုပေမဲ့ မြို့နဲ့ကမြစ်တစ်ခုပဲ ခြားလေတော့ တောမကျ မြို့မကျ နေရာလို့ ပြောနိုင်တာပေါ့။ ဒီကျောင်းမှာ ကိုယ်တက်ဖြစ်ခဲ့တဲ့အကြောင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကိုယ်တို့ရွာသားဖြစ်ပြီး […]