ခေတ်စားလာတဲ့ အကွက်ရိုက်မြေ ဘယ်သူတွေနစ်နာနိုင်လဲ
Dawei Watch
June 18, 2023စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများက ပုံစံမျိုးစုံဖြင့် စီးပွားရှာလာကြသည်။ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ခေတ်စားလာသည့် လုပ်ငန်းတစ်ခုမှာ လယ်မြေများကို အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။ အကွက်ရိုက်မြေဟု ခေါ်ဆိုကြသည့် ယင်းမြေများမှ ခိုင်မာမှုမရှိသည့်အတွက် အရှုပ်အရှင်းများသော မြေများဖြစ်ကြသည်။ ယင်းကြောင့်ပင် စျေးသက်သက်သာသာဖြင့် ရောင်းချကြခြင်းဖြစ်ပြီး ဝယ်သူများမှာလည်း စျေးသက်သာသည့် အတွက် အလုအယက်ဝယ်ယူကြခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ နားလည်သူများကမူ လယ်မြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည် ဆိုသော်လည်း ပြန်မချပေးသည်ကသာ များကြောင်း၊ ယင်းကို လိမ်လည်ကာ အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးပြီဆိုကာ လိမ်ရောင်းနေကြခြင်းဖြစ်ကြောင်း ဆိုကြသည်။ ယင်းအပြင်း တရားစွဲခံရပါကလည်း ပုံစံ ၇ တွင် နာမည်ပေါက်သူကို တရားစွဲခြင်းဖြစ်ပြီး ဝယ်ပြီးမြေဖို့ရောင်းသူ များမှာ ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်နေကြောင်း နောက်ဆုံးတွင် မူလ လယ်ယာပိုင်ရှင်က တရားစွဲ […]