❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း (၄) ❞
Dawei Watch
August 3, 2023ကိုယ်တို့ရဲ့ အလယ်တန်းကျောင်းက ( C )ပုံသဏ္ဍန် သစ်သားသွပ်မိုး တစ်ထပ်ကျောင်း ဆောင်ပါ။ ပင်လယ်ကမ်းခြေကိုသွားတဲ့ ကားလမ်းကနေ ကျောင်းဝင်းထဲဝင်တဲ့ လမ်းကလေးရဲ့ တစ်ဘက်တစ်ချက်စီမှာ ယူကလစ်ပင်တန်းလေးတွေ ညီညီညာညာစိုက်ထားပါတယ်။ ကျောင်းရဲ့ မျက်နှာစာမှာ အလံတိုင်နဲ့ စုဝေးကွင်းရှိပြီး နောက်ကျောဘက်မှာ မုန့်ဆိုင်ဈေးတန်း ရှိပါတယ်။ ဘောလုံးကွင်း၊ ဘော်လီဘောကွင်းအပါအဝင် သီဟိုဠ်ပင်၊ အုန်းပင်စတဲ့ နှစ်ရှည်စားပင်သီးပင် တွေနဲ့ ကျောင်းခြံဝင်းကြီးက အကျယ်ကြီးပါ။ နိုင်ငံတဝှမ်းက ပင်လယ်ကမ်းခြေကို အပန်းဖြေဖို့လာကြတဲ့ ဧည့်သည်တွေဟာ ကိုယ်တို့ ကျောင်းကို ဖြတ်ပြီးသွားကြရပါတယ်။ နေ့ကြီးရက်ကြီးတွေနဲ့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေ မှာ ပိုပြီးစည်ပါတယ်။ အထူးသဖြင့် မြို့ပေါ်မှာ အထင်ကရပွဲတော်တွေလုပ်တိုင်း ရန်ကုန်က လာသမျှ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေအားလုံး ဒီကမ်းခြေကို မဖြစ်မနေ လာ ကြလေ့ရှိပါတယ်။ […]